A d v e r t i s e m e n t With Us

တီယန်ကျင်း ကုန်လှောင်စခန်း ပေါက်ကွဲမှု တာဝန်ရှိသူများကို အရေးယူ

တီယန်ကျင်း ကုန်လှောင်ရုံ ပေါက်ကွဲမှုဖြစ်ပြီးနောက် အပျက်အစီးမြင်ကွင်း။ (ဓာတ်ပုံ - ရိုက်တာ)
အခုလဆန်းပိုင်းက တီယန်ကျင်း ဆိပ်ကမ်း ကုန်လှောင်စခန်း ပေါက်ကွဲမီးလောင်မှုမှာ တာဝန်ပေါ့လျော့တယ်ဆိုပြီး ဒေသခံအစိုးရနဲ့ ဆိပ်ကမ်းအာဏာပိုင် ၁၁ ဦးကို သြဂုတ် ၂၇ ရက်နေ့က တာဝန်တွေ ရပ်ဆိုင်းခံရပါတယ်။ သူတို့ကို ဖမ်းဆီးအရေးယူမလား ဆိုတာကတော့ အသေအချာ မသိရသေးပါဘူး။ ဒါပေမယ့် ကုန်လှောင်စခန်း ပိုင်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အာဏာပိုင် ၁၁ ဦးကတော့ ဖမ်းဆီးခံရပါတယ်။ သြဂုတ် ၁၂ ရက်နေ့ညက ဓာတုကုန်လှောင်စခန်း ပေါက်ကွဲမှုကြီးဖြစ်ပြီး အနီးပတ်ဝင်းကျင်က အိမ် ၁၀၀ ကျော်လည်း ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၁၃၉ ဦး သေဆုံးခဲ့သလို အနည်းဆုံး ၃၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး လူနာ ၅၀၀ ကျော်လည်း လက်ရှိအချိန်အထိ ဆေးရုံက မဆင်းနိုင်သေးပါဘူး။ ဒီပေါက်ကွဲမှုကြီးကြောင့် တရုတ်နိုင်ငံမှာ အန္တရာယ်ကြီးတဲ့ ဓာတုပစ္စည်းတွေ သိုလှောင်မှုစနစ်၊ ဥပဒေနဲ့ပတ်သက်ပြီး ပြည်သူတွေ လိုက်နာမှုအပေါ် အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့တဲ့နေရာမှာ လူနေအဆောက်အဦကြီး အနည်းဆုံး ၃ ခုဟာ ဥပဒေကို ချိုးဖောက်ပြီး ကုန်လှောင်စခန်းနဲ့ ၁ ကီလိုမီတာအတွင်း တည်ဆောက်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up