စပိန် က ခရမ်းချဉ်သီးပေါက်ပွဲတော် (ရုပ်သံ)

ကမ္ဘာတလွှားက လူတွေက ထူးခြား ဆန်းပြားတဲ့ ပွဲတော်တွေကို စိတ်ဝင်စားသလို ပါဝင် ဆင်နွှဲလေ့ရှိပါတယ်။ ဒီအထဲမှာ စပိန်နိုင်ငံ အရှေ့ပိုင်း ဗူးယောင်မြို့မှာ ၇၀ နှစ်ပြည့် အစားအသောက်နဲ့ ပစ်ပေါက်တဲ့ ပွဲတော်ကလည်း ထူးခြားပါတယ်။ သြဂုတ် ၂၆ ရက်မှာ ကျင်းပတဲ့ ဒီပွဲတော်မှာ ကမ္ဘာတ၀န်းက ခရီးသွားတွေနဲ့ စပိန်နိုင်ငံက ပါဝင် ဆင်နွှဲသူတွေက ခရမ်းချဉ်သီး ၁၇၀ တန်နီးပါးကို အချင်းချင်း ပစ်ခတ်ရာမှာ အသုံးပြုခဲ့ပါတယ်။ ဒီပွဲမှာ ပါဝင်ဆင်နွှဲတဲ့သူတွေက မျက်လုံးကို ထိခိုက်မှာ စိုးတဲ့ အတွက် ရေကူးရာမှာ အသုံးပြုတဲ့ မျက်မှန်တွေကို တပ်ဆင်ပြီး ပစ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ နှစ်စဉ် သြဂုတ်လရဲ့ နောက်ဆုံး ဗုဒ္ဓဟူးနေ့မှာ ကျင်းပလေ့ရှိတာဖြစ်ပါတယ်။ မြို့မှာရှိတဲ့ ဆိုင်တွေကလည်း မျက်နှာစာကို ခရမ်းချဉ်သီး အရည်နဲ့ အနှစ်တွေက ကာကွယ်ဖို့ အတွက် အမိုးအကာတွေ တပ်ဆင်ခဲ့ပါတယ်။ ပွဲကျင်းပပြီးသွားရင်တော့ လမ်းတွေကို ရှင်းလင်းပြီး မိလ္လာ လမ်းကြောင်းတွေကိုလည်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၅၀ နောက်ပိုင်း အာဏာရှင် ဖရန်ဆွာ ဖရန်ကိုလက်ထက်မှာတော့ ဒီပွဲတော်ကို တားမြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up