A d v e r t i s e m e n t With Us

ဒုက္ခသည် စက်လှေမှ လူ ၅၀ ခန့် အင်ဂျင်မီးခိုးရှူမိပြီး သေဆုံး

မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပနိုင်ငံတွေကို လာရောက်တဲ့ ဒုက္ခသည်တွေထဲက ၅၀ လောက်ဟာ သင်္ဘောဝမ်းထဲမှာ အင်ဂျင်မီးခိုး ရှူရှိုက်မိပြီး သေဆုံးကုန်တယ်လို့ အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က သြဂုတ် ၂၆ ရက်နေ့မှာ ပြောပါတယ်။ ဒုက္ခသည်စက်လှေဟာ လစ်ဗျားနိုင်ငံကနေ ထွက်ခွာလာတာဖြစ်ပြီး မြေထဲပင်လယ်ထဲမှာ ဒုက္ခသည်ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဆွီဒင်ကမ်းခြေစောင့်တပ်က ကြားဖြတ်ကယ်ဆယ်ရင်း တွေ့ရှိခဲ့တာပါ။ စက်လှေတစီးထဲ လိုက်ပါလာတဲ့ တခြားဒုက္ခသည် ၄၃၀ လောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သြဂုတ် ၂၆ ရက်နေ့ကတော့ အီးယူ ဒုက္ခသည်ကယ်ဆယ်ရေး အစီအစဉ်နဲ့ အီးယူနိုင်ငံတွေက သင်္ဘော ၁၀ စီးဟာ လစ်ဗျားကမ်းလွန်မှာ ဒုက္ခသည်စက်လှေ ကြားဖြတ်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြတာပါ။ အခုနှစ်ထဲမှာပဲ မြေထဲပင်လယ်ဖြတ် လှေစီးရွှေ့ပြောင်းဒုက္ခသည် ၂၀၀၀ ကျော် သေဆုံးခဲ့ကြပြီဖြစ်တယ်လို့ ကုလသမဂ္ဂက စာရင်းထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up