၉၉ နှစ် အရွယ်မှ ဘွဲ့ရသည့် အမျိုးသမီး
ဒုတိယကမ္ဘာစစ်၊ လအပေါ်ကို လူတွေ ခြေချနိုင်တဲ့နေ့၊ လူ့အခွင့်အရေး လှုပ်ရှားမှုနဲ့ ဒစ်ဂျစ်တယ်ခေတ်တွေကို မီတဲ့ အသက် ၉၉ နှစ်ရှိ ဒိုရီသာ ဒယ်လ်နီရယ်တယောက် ဘွဲ့ရသွားပြီ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ကင်ယွန်ကောလိပ်ကနေ ဘွဲ့ရသွားတာ ဖြစ်ပါတယ်။
တက္ကသိုလ် သမိုင်းကြောင်းမှာ အသက်အကြီးဆုံး ဘွဲ့ယူသွားသူတဦး ဖြစ်ပါတယ်။
ဘ၀တိုးတက်ဖို့အတွက် ဘွဲ့ယူလိုက်တာလို့ ဒယ်လ်နီရယ်က ပြောတဲ့အကြောင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
တက္ကသိုလ်အဆင့် သင်္ချာနဲ့ စာရင်းအင်းဘာသာရပ်တွေကို ဒယ်လ်နီရယ်က သင်ကြားခဲ့တာ ဖြစ်ပါတယ်။
စိတ်ဆောင်ရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စကားပုံကို လူသားတဦးအနေနဲ့ ဒယ်လ်နီရယ်က သက်သေပြလိုက်ပါတယ်။
ဒယ်လ်နီရယ်က ကျောင်းသားတွေကို အလျှော့မပေးဖို့၊ တခြားသူကြောင့် စိတ်ဓာတ်မကျဘဲ ဒါကို လုပ်ပြနိုင်တယ်ဆိုတာကို ယုံကြည်ထားသင့်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။