A d v e r t i s e m e n t With Us

လေဗာကူဆင် ၃ – ၀ ဂိုး လာဇီယို ချန်ပီယံလိဂ် ခြေစစ်ပွဲ (ရုပ်သံဟိုက်လိုက်)

ဂျာမနီ ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်က အီတလီ လာဇီယိုအသင်းကို ဒုတိယအကျော့မှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ပထမပိုင်း မိနစ် ၄၀ မှာ ကာဟန်နိုကလူက အဖွင့်ဂိုးကို သွင်းခဲ့ပါတယ်။ ဒုတိယပိုင်း ၄၈ မိနစ်မှာတော့ မက်မာဒီနဲ့ ၈၈ မိနစ်မှာ ဘယ်လာရာဘီတို့က ဂိုးထပ်မံသွင်းယူပြီး အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ၆၈ မိနစ်မှာ လာဇီယို နောက်ခံကစားသမားတဦး ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ လေဗာကူဆင်နည်းပြကတော့ အသင်းရဲ့ကစားပုံ တိုးတက်လာခဲ့ပြီး အနိုင်အတွက် ၀မ်းသာမိတယ်လို့ ပြောပါတယ်။ လာဇီယို နည်းပြကလည်း လေဗာကူဆင် အနိုင်ရဖို့ ထိုက်တန်သလို သူတို့အသင်းရဲ့ ဖန်တီးကစားပုံက အသင်းကို ဒုက္ခပေးသွားတယ်လို့ ပြောပါတယ်။ ပထမအကျော့မှာတော့ လေဗာကူဆင်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ ရုပ်သံ - UEFA

A d v e r t i s e m e n t With Us

More News
Up