ချွေး၊ ဆုတံဆိပ်၊ မျက်ရည်များနှင့် ကမ္ဘာ့ပြေးခုန်ပစ် (သတင်းဓာတ်ပုံ)

တရုတ်နိုင်ငံမှာ သြဂုတ် ၂၂ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် အားကစားပွဲတော်ထဲက ပုံရိပ်တွေကို အန်ဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ၁။ ကွန်စတာဒီနိုဒူဗာလစ်ဒတ်စ် (ဂရိနိုင်ငံ)၊ ဒေးဗစ်အိုလီဗာ (အမေရိကန်နိုင်ငံ)၊ ဗဲလာ့ဇ် ဗာဂျီ (ဟန်ဂေရီနိုင်ငံ)၊ ဇိုင်းစိုက်အနီဆိုနီ (လာအိုနိုင်ငံ) (၀ဲမှယာ) တို့ဟာ သြဂုတ် ၂၆ ရက်နေ့က တရုတ်နိုင်ငံ မြို့တော် ဘေဂျင်း ငှက်သိုက်အမျိုးသားအားကစားကွင်းမှာ ကျင်းပတဲ့ အမျိုးသား မီတာ ၁၁၀ တန်းကျော်ပြေးပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ ၁။ ကွန်စတာဒီနိုဒူဗာလစ်ဒတ်စ် (ဂရိနိုင်ငံ)၊ ဒေးဗစ်အိုလီဗာ (အမေရိကန်နိုင်ငံ)၊ ဗဲလာ့ဇ် ဗာဂျီ (ဟန်ဂေရီနိုင်ငံ)၊ ဇိုင်းစိုက်အနီဆိုနီ (လာအိုနိုင်ငံ) (၀ဲမှယာ) တို့ဟာ သြဂုတ် ၂၆ ရက်နေ့က တရုတ်နိုင်ငံ မြို့တော် ဘေဂျင်း ငှက်သိုက်အမျိုးသားအားကစားကွင်းမှာ ကျင်းပတဲ့ အမျိုးသား မီတာ ၁၁၀ တန်းကျော်ပြေးပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ 2 ၂။ ခရစ်စတီးနားရှဝါးနစ်ဇ် (ဂျာမနီနိုင်ငံ) အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ ယှဉ်ပြိုင်နေပုံ ဖြစ်ပါတယ်။ 3 ၃။ ဇယ်လင်ကျိ (တရုတ်နိုင်ငံ) (ယာအစွန်) အမျိုးသား ကီလို ၂၀ လမ်းလျှောက်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်နေပုံ ဖြစ်ပါတယ်။ 4 ၄။ အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ တွေ့ရတဲ့ ခရစ္စတင်းဒေး (ဂျမေကာနိုင်ငံ) ရဲ့ပါဝင်ယှဉ်ပြိုင်ပုံပါ။ 5 ၅။ ဒေးဗစ်ရူဒီရှာ (ကင်ညာနိုင်ငံ) ကို အမျိုးသားမီတာ ၈၀၀ အပြေးပြိုင်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ပရိသတ်တွေနဲ့ တွေ့ရတာဖြစ်ပါတယ်။ 6 ၆။ အမျိုးသားမီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲမှာတော့ မိုဟာမက်ဖဲရာ (ဗြိတိန်နိုင်ငံ) က ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။ 7 ၇။ ခရစ်စတီးနားရှဝါးနစ်ဇ် (ဂျာမနီနိုင်ငံ) ကို အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရပြီး ဆုချီးမြှင့်ချိန် ၀မ်းသာမျက်ရည်သုတ်နေတာကို တွေ့ရတာပါ။ 8 ၈။ ဂျီယန်းနမ်ဝမ် (တရုတ်နိုင်ငံ) ရဲ့ အမျိုးသား အလျားခုန်ပြိုင်ပွဲ စတုတ္ထမြောက်နေ့မှာ ပါဝင်ယှဉ်ပြိုင်နေပုံ ဖြစ်ပါတယ်။ 9 ၉။ အူစိန်ဘော့ (ဂျမေကာနိုင်ငံ) ရဲ့ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရပြီးတဲ့နောက် အောင်ပွဲခံနေပုံ ဖြစ်ပါတယ်။ 10 ၁၀။ အန်ဒရေဂက် (ရိုမေးနီးယားနိုင်ငံ) ရဲ့ အမျိုးသား သံလုံးပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေပုံ ဖြစ်ပါတယ်။ 11 ၁၁။ အခက်အခဲ အတားအဆီးတွေကို ဖြတ်ပြီး ယှဉ်ပြိုင်ရတဲ့ အမျိုးသား မီတာ ၃၀၀၀ အပြေးပြိုင်ပွဲမှာ အနိုင်ရရှိကြတဲ့ ရွှေတံဆိပ်ဆုရှင် အက်ဇကီကန်ဘွယ် (ကင်ညာနိုင်ငံ) (အလယ်ပုံ) ကို တနိုင်ငံတည်းသားတွေဖြစ်တဲ့ ငွေတံဆိပ်ဆုရှင် ကွန်ဆက်စလုစ်ကက်ပူးတို (၀ဲဘက်ပုံ)၊ ကြေးတံဆိပ်ဆုရှင် ဘရီမင်ကေပရော့ကေပရူတို (ယာဘက်ပုံ) တို့နဲ့အတူ တွေ့ရတာ ဖြစ်ပါတယ်။ 12 ၁၂။ ပီယာတိုလစ်ဆက်ခ် (ပိုလန်နိုင်ငံ) ရဲ့ အမျိုးသား တုတ်ထောက်ခုန်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်နေပုံ ဖြစ်ပါတယ်။ 13 ၁၃။ အခက်အခဲ အတားအဆီးတွေကိုဖြတ်ပြီး ယှဉ်ပြိုင်ရတဲ့ အမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲ ခြေစစ်ပွဲမှာ ရိုလန်ဒါဘဲ (ပနားမားနိုင်ငံ) ရေထဲကျသွားစဉ်။ 14 ၁၄။ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့ပြီးတဲ့နောက် တွေ့ရတဲ့ ရှယ်လီအန်းဖရေဆာပရိုက်စ် (ဂျမေကာနိုင်ငံ) ရဲ့ အောင်ပွဲခံနေပုံ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - nbcnews.com

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up