A d v e r t i s e m e n t With Us

အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးဖြစ်စေချင်ဟု ဒေါ်စု ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး ဖြစ်စေချင်တယ်လို့ ပြောလိုက်ပါတယ်။ သြဂုတ် ၂၇ ရက် မနက်ပိုင်း ထုတ်လွှင့်ခဲ့တဲ့ အာအက်ဖ်အေရေဒီယိုရဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် အမြင်သဘောထားကို မေးမြန်းတဲ့နေရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး ဖြစ်စေချင်တာပေါ့။ တကယ် တနိုင်ငံလုံး အားလုံး ပါဝင်ပြီးတော့ အားလုံးကနေ ကတိတည်မယ့် စာချုပ်မျိုး ဖြစ်ပေါ် လာစေချင်တာပေါ့။ ဒါမှပဲ ဒီနိုင်ငံဟာ ငြိမ်းချမ်းရေးဘက်ကို သွားနိုင်မှာ” တခါ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေကို ဘယ်လို အကဲခတ်ပါသလဲလို့ မေးတော့ ဒေါ်အောင်ဆန်းစုကြည်က “ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ပြီးမှ ဆက်ပြီးတော့ လုပ်ရမယ့်ကိစပါ၊အဲ့ဒီတော့ အခုအချိန်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးရဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စကို ဖြစ်မြောက်အောင် လုပ်နေတယ်လို့ မြင်ပါတယ်။ အဲ့ဒီဟာကိုတော့ ဖြစ်မြောက်စေချင်တာပေါ့။ ဒီလိုဟာမျိုးစာချုပ်ဆိုတာလဲ တော်တော်ခက်ခက်ခဲခဲနဲ့ လုပ်ယူရတာပါ၊ ဒီလို ခက်ခဲတာလဲ ထူးဆန်းတာ မဟုတ်ပါဘူး။” လတ်တလောမှာတော့ အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၅ခုကို အပစ်ရပ် လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ထားပြီး တိုင်းရင်းသားတို့ဘက်က တပ်ဖွဲ့အားလုံးပါဝင်ရေးကို တောင်းဆိုနေပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးကြ တဲ့အခါ ပြည်တွင်းအသိသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လက်မှတ်ထိုးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up