ထူးထူးခြားခြား ရေအောက်တွင် မင်္ဂလာဆောင်သည့် မီယာမီမြို့ကစုံတွဲ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု မီယာမီမြို့က စုံတွဲဟာ အများနဲ့မတူ ထူးထူးခြားခြားလေး ဖြစ်အောင် ရေအောက် မင်္ဂလာအခမ်းအနားတခုကို သြဂုတ် ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ ကီးလာဂိုကျွန်းကနေ ငါးမိုင်အကွာအဝေးမှာ ရှိတဲ့ ရေအောက်မှာ မင်္ဂလာဆောင်ခဲ့ကြတာပါ။ ရေအောက်ခရစ်တော်ရုပ်တုကို တည်ဆောက်ခဲ့ခြင်း နှစ် ၅၀ ပြည့်နဲ့ တိုက်ဆိုင်ပြီး မင်္ဂလာအချိန်နဲ့ နေရာကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ ရေမျက်နှာပြင်အောက် ၂၅ ပေ အနက်မှာရှိတဲ့ ခရစ်တော်ရုပ်တုရဲ့ဘေးမှာ ထရိုင်အိုလတ်နဲ့ ရိုဒရီဂတ်စ်တို့ စုံတွဲ လက်ထပ်ခဲ့ကြပါတယ်။ သူတို့ မင်္ဂလာဆောင်ကို ရေပြင်ထက်က လှေတစင်းပေါ်မှာ စောင့်ကြည့်နေတဲ့ မိတ်ဆွေတွေလည်း မြင်နိုင်အောင် အထူးကင်မရာကို အသုံးပြုခဲ့ပါတယ်။ ဒီလို ထူးထူးခြားခြား နေ့မျိုးမှာ မင်္ဂလာဆောင်ရတဲ့အတွက် အတိုင်းမသိ ၀မ်းသာသလို နောက်ထပ် နှစ် ၅၀ ကြာတဲ့အခါမှာ နောက်တခေါက်ပြန်လာပြီး မင်္ဂလာရွှေရတု အခမ်းအနားကို ပြုလုပ်ဦးမယ်လို့ ထရိုင်အိုလတ်က ဆိုပါတယ်။

More News
Up