A d v e r t i s e m e n t With Us

နှစ် ၄၀၀ သက်တမ်းရှိ ဒေါ်လာသန်းချီတန် ပန်းချီကားကို အချိုရည်ဘူးဖြင့် ထိုးမိ (ရုပ်သံ)

ထိုင်ဝမ်မှာ မကြာသေးခင်က ကျင်းပတဲ့ ပြပွဲတခုမှာ ၁၂ နှစ်အရွယ်ကလေးတဦးဟာ ခလုတ်တိုက်မိပြီး အမေရိကန်ဒေါ်လာ သန်းချီတန်တဲ့ ပန်းချီကားကို အချိုရည်ဘူးနဲ့ မတော်တဆ ထိုးမိသွားခဲ့လို့ ပျက်စီးသွားခဲ့တာကို ပြပွဲစီစဉ်သူတွေက ပြန်လည်ပြုပြင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အီတလီပန်းချီဆရာ ပါအိုလိုပေါ်ပိုရာရဲ့ “ပန်းများ” အမည်ရတဲ့ အဲဒီဆီဆေးပန်းချီ ကားဟာ သက်တမ်း ၄၀၀ ရှိနေပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒဿမ  ၅၄ မီလီယံ တန်ဖိုးရှိမယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။ ခလုတ်တိုက်လဲကျပြီး ပန်းချီကားပေါ်ကို အချိုရည်ဘူးနဲ့ မတော်တဆ ထိုးမိသွားတဲ့ အတွက် ပန်းချီကားပေါ်မှာ အရှည် ၁၁ စင်တီမီတာ၊ အကျယ် ၈ စင်တီမီတာ အပေါက် ကြီး ဖြစ်သွားခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up