A d v e r t i s e m e n t With Us

မုန်ယိုနေသည့် ဆင်ပေါ်မှ ကမ္ဘာလှည့်ခရီးသည် ၃ ဦးကို ဘေးကင်းစွာ ကယ်တင်

ချင်းမိုင်ခရိုင် မယ့်ဝမ်းဆင်စခန်းမှာ မုန်ယိုနေတဲ့ ဆင်တကောင်ပေါ်ပါသွားတဲ့ ကမ္ဘာလှည့် ခရီးသည် ၃ ဦးကို ဆင်ဦးစီးတွေက ဘေးကင်းစွာ ပြန်ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီဆင်ကို သူငယ်စဉ်ကတည်းက ထိန်းကျောင်းလာခဲ့တဲ့ ဆင်ဦးစီးက တခြား ဆင်မတကောင်ပေါ် စီးနင်းပြီး လိုက်လံချော့မော့ ခေါ်ဆောင်လာခဲ့တာလို့  သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။ ကမ္ဘာလှည့်ခရီးသွား တရုတ်နိုင်ငံသား မိသားစု ၃ ဦးမှာ ထိခိုက်ဒဏ်ရာတွေ မရခဲ့ပေမယ့်လည်း ဆင်ပေါ်မှာ ၃ နာရီကြာ အထိတ်တလန့် နေခဲ့ရတာကြောင့် အားအင်ကုန်ခန်းပြီး  မယ့်ဝမ်း ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ ဆင်စခန်းနေ မျက်မြင်သက်သေတဦး ပြောပြချက်အရ ဖလိုင်းဆုမ်ကျိုင်လို့ခေါ်တဲ့ အဲဒီဆင်ထီးဟာ အကင်းပါးပြီး လိမ္မာကြောင်း၊ ဒီနေ့မနက်မှာတော့ ခရီးသည်တွေကို ခေါ်လည်ဖို့ ထွက်ခွာလာစဉ် ချောင်းထဲမှာ သူ့ကိုရိုက်နှက်ခဲ့ဖူးတဲ့ ဆင်ထိန်းတယောက်က တခြား ဆင်တကောင်ကို ရေချိုးပေးနေတာတွေ့ပြီး ချောင်းထဲလိုက်ဆင်းမလို့လုပ်တာကို  သူ့ဆင်ထိန်းက တားဆီးတဲ့အတွက် ဆင်ထိန်းကို ခါချပြီး အစွယ်နဲ့ ထိုးသတ်ခဲ့တာလို့ သတင်းထောက်ကို ပြောပါတယ်။ ကမ္ဘာလှည့်ခရီးသည် ၃ ဦးတင်ပြီး တောထဲထွက်ပြေးသွားတဲ့ဆင်ကို ဖမ်းမိဖို့ ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီတောတခွင်ကို ၀ိုင်းထားသလို တခြားဆင်စခန်းမှာရောက်နေတဲ့ ငယ်ဆင်ထိန်းကိုပါ အကူအညီ လှမ်းတောင်းခဲ့ပါတယ်။ ဖလိုင်းဆုမ်ကျိုင်လို့ အမည်ပေးထားတဲ့ အဲဒီဆင်ထီးဟာ သြဂုတ်လ ၂၆ ရက်နေ့ မနက်က ဆင်ထိန်းဖြစ်သူ ကရင်အမျိုးသား နိုင်းဆုရချိုင်း တိုင်ဖုမိဖတ်ကို အစွယ်နဲ့ ထိုးပြီး ခြေထောက်နဲ့ နင်းသတ်ခဲ့ပါတယ်။ ဓာတ်ပုံ- thenationtv

A d v e r t i s e m e n t With Us

More News
Up