Home
မြန်မာသတင်း
ဒေါ်စုဟာ တိုင်းပြည်အတွက် အကျိုးရှိသူဟု ဗိုလ်ချုပ်မှူးကြီး ပြော
DVB
·
August 26, 2015
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက် အကျိုးရှိသူတယောက်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ သြဂုတ် ၂၅ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ကျိုဒိုသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်အတွင်း သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သူ့မှာလည်း အတွေ့အကြုံတွေ ရှိပါတယ်။ သူ့ရဲ့ အတွေ့အကြုံဟာ နိုင်ငံအတွက်လည်း တနေရာရာမှာတော့ အထောက်အကူရမယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒီတော့ ဘာပဲပြောပြောပေါ့လေ အားလုံးဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မယ် ဆိုလို့ရှိရင် တိုင်းပြည်အတွက် အကျိုးရှိမယ့်သူတယောက် ဖြစ်ပါတယ်။” ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ ဘယ်မဲဆန္ဒနယ်မှာပဲဖြစ်ဖြစ် မှန်မှန်ကန်ကန်နဲ့ ထွက်လာတဲ့ ရလဒ်ကို စစ်တပ်က လက်ခံမယ်လို့လည်း ပြောသွားပါသေးတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုရက်ပိုင်းအတွင်း သတင်းဌာန အတော်များများနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲကိစ္စ၊ အာဏရပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲကိစ္စ၊ သမ္မတနဲ့ စစ်တပ် ဆက်ဆံရေးကိစ္စ၊ တနိုင်ငံလုံး အပစ်ရပ် စာချုပ်လက်မှတ်ထိုးနိုင်ရေးကိစ္စ စတဲ့ ကိစ္စရပ် တော်တော်များများနဲ့ ပတ်သက်လို့ သူ့သဘောထားနဲ့ စစ်တပ်သဘောထားတို့ကို ထုတ်ဖော်ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ဒီလိုပြောဆိုချက်တွေထဲ အဓိက အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သူ့သဘောထားအမြင်ကို ခုလို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024