အဲဗာတန် နောက်ခံလူကို ပေါင်သန်း ၄၀ ဖြင့် ချဲလ်ဆီးကမ်းလှမ်း

ဓာတ်ပုံ - ရိုက်တာ
1.3K
အင်္ဂလန်ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းက အဲဗာတန်အသင်း နောက်ခံလူ ဂျွန်စတုံးကို ပေါင်သန်း ၄၀ နဲ့ ၄ ကြိမ်မြောက် နောက်ဆုံးအနေနဲ့ ကမ်းလှမ်းလိုက်ပါတယ်။
အသက် ၂၁ နှစ် အင်္ဂလန်နောက်ခံလူ ဂျွန်စတုံးဟာ ရာသီသစ်မှာ အကောင်းဆုံး ကစားပြနေတဲ့အတွက် အခုလို ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။
ဇူလိုင်လက ပေါင်သန်း ၂၀၊ ၂၆ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရသလို အရင်သီတင်းပတ်က တတိယအကြိမ် ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းတာလည်း ငြင်းပယ်ခံရပါတယ်။
ချဲလ်ဆီးရဲ့ ဒီတကြိမ် ကမ်းလှမ်းမှုဟာ ပေါင် ၃၅ သန်းဖြစ်ပြီး တခြား အပိုကြေးတွေနဲ့ ပေါင် သန်း ၄၀ အထိ ရှိသွားနိုင်တယ်လို့ ဗြိတိန် ဂါးဒီးယန်းသတင်းမှာ ရေးပါတယ်။
အဲဗာတန်ကလည်း နောက်ခံလူ ထွက်ခွာသွားရင် အစားထိုးဖို့ တော့တင်ဟမ် ဟော့စပါးက အာဂျင်တီးနား နောက်ခံလူ ဖာဒရီကို ဖာဇီအိုကို ပေါင် ၅ သန်းနဲ့ ၀ယ်ယူလိုက်ပါတယ်။