A d v e r t i s e m e n t With Us

သောင်းချီ ကြက်ကလေးများ သယ်ဆောင်လာသည့် ကားမှောက် (သတင်းဓာတ်ပုံ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းခရိုင်မှာ ကြက်ကလေးတွေကို တင်ဆောင်ထားတဲ့ ကားတိမ်းမှောက်သွားပါတယ်။ ကံကောင်းထောက်မစွာနဲ့ ကားဆရာက ဘာမှ မဖြစ်ပေမယ့် ကားပေါ်က သောင်းနဲ့ ချီတဲ့ အ၀ါရောင် ကြက်ပေါက်စလေးတွေကတော့ အတိဒုက္ခရောက်ကုန်ပါတယ်။ သေဆုံးတဲ့ ကြက်အရေအတွက်ကို မသိနိုင်သလို ဒီကားမောက်တဲ့နေရာကို အနီးနားက ဒေသခံတွေက ရောက်လာပြီး ကူညီခဲ့ပါတယ်။ အများစုက အိတ်တွေ စက္ကူဖာတွေနဲ့ ဇလုံတွေ သယ်ဆောင်လာပါတယ်။ ကားဆရာကတော့ ရွာသားတွေ ကြက်ကလေးတွေကို ယူဆောင်သွားတာကိုပဲ ထိုင်ကြည့်နေရပါတယ်။ ဓာတ်ပုံ - CCTVNews  

A d v e r t i s e m e n t With Us

More News
Up