ဘန်ကောက် တွင် လမ်းပြောင်းပြန်ကားမောင်းမှု လူမှုကွန်ရက်တွင် ဝေဖန် (ရုပ်သံ)

ဘန်ကောက်မြို့က လူစည်ကားရာနေရာမှာ ကားတစီးလမ်းပြောင်းပြန်မောင်းတဲ့ ရုပ်သံဖိုင်ကို လူမှုရေးကွန်က်ပေါ်တင်ပြီးတဲ့နောက် ဒီကားမောင်းတဲ့သူတွေ ဝေဖန်ခံနေရပါတယ်။ သြဂုတ် ၂၂ ရက်မှာ ဖုန်းကနေတဆင့် ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို ဖေ့ဘွတ်ခ်ကို တင်လိုက်တာ ဖြစ်ပါတယ်။ ပေါ့ရှေး ဇိမ်ခံကားတစီးဟာ ဆူကာဗစ်လမ်းပေါ်က အာဆိုကီ မီးပွိုင့်အနီးမှာ လမ်းပြောင်းပြန် မောင်းတဲ့အတွက် ချမ်းသာကြွယ်ဝမှုရဲ့နောက်ကို ကားဆရာရဲ့ ဘေးကင်း လုံခြုံရေး စံနှုန်းက လိုက်မမီဘူးလို့ ဝေဖန်နေတာပါ။ နေ့တိုင်း ဒီကားဟာ လမ်းကို ပြောင်းပြန်မောင်းလေ့ရှိတယ်လို့ ရုပ်သံဖိုင်ကို တင်တဲ့လူက ပြောပါတယ်။ ဂငယ်ကွေ့ပြန်မကွေ့ချင်တဲ့အတွက် လမ်းပြောင်းပြန်မောင်းတဲ့ ကားသမားကို အရေးမယူတဲ့ ရဲတွေကိုလည်း ထိုင်းနိုင်ငံသားတွေက မေးခွန်းထုတ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up