တောင်ပြုံး နတ်ညီလာခံ (ရုပ်သံ)
DVB
·
August 26, 2015
မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုံးရွာမှာ ကျင်းပတဲ့ တောင်ပြုံးပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၁၀ ရက်နေ့မှာ စတင်ပြီး နတ်ညီလာခံပွဲနဲ့ စတင်လေ့ရှိပါတယ်။
တောင်ပြုံးပွဲတော်ကို မြန်မာနိုင်ငံအနှံ့မှ နတ်ကိုးကွယ်ယုံကြည်သူ အများစုလာရောက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ရာသီဥတုဖောက်ပြန်မှုတွေ ရှိနေပေမယ့်လည်း စည်ကားနေဆဲမြဲလို့ ပွဲတော်လာရောက်သူတွေက ပြောပါတယ်။
နတ်ညီလာခံကို ခေါင်းပေါင်း နဲ့ သိုးဆောင်းရထားသူတွေကသာ တက်ရောက်ခွင့်ရတယ်လို့ ပြောပါတယ်။
နတ်ညီလာခံကိုတော့ နေ့လည် ၁ နာရီလောက်မှာ ကျင်းပပြုလုပ်ကြပါတ ယ်။
ရိုက်ကူး - အိမ်ခိုင်မြဲ