A d v e r t i s e m e n t With Us

ဒိုင်ဗင်စွမ်းရည် ပြသသူ အသက် ၇၃ နှစ်အရွယ် အဘိုးအို

ဓာတ်ပုံ - စီစီတီဗွီ
အသက် ၇၃ နှစ်အရွယ် ဒိုင်ဗင်သမား ဇန်ကွမ်းတောင်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်းပြည်နယ်၊ ကမ်းရိုးတန်းမြို့တမြို့ဖြစ်တဲ့ ကျင်ဒေါင်းမြို့အနီးက တံတားတစင်းပေါ်မှာ သူ့ရဲ့ ဒိုင်ဗင်စွမ်းရည်တွေကို သြဂုတ် ၂၃ ရက်နေ့က ပြသခဲ့တယ်လို့ စီစီတီဗွီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဇန်ဟာ အပျော်တမ်းဒိုင်ဗင်သမားတယောက် ဖြစ်ပေမယ့် အဲဒီအားကစားကို ဆောင်းရာသီတွေမှာတောင်မချန်ဘဲ ၁၀ နှစ်ကျော်လောက် လေ့ကျင့်ခဲ့တယ်လို့ China Photo Press (CFP) သတင်းက ဆိုပါတယ်။ “ကျနော် ဒိုင်ဗင်ပညာကို ၁၀ နှစ်ကျော်လောက် လေ့ကျင့်ခဲ့တာပါ။ ကျနော့်ဘ၀အစိတ်အပိုင်း တခုစာလောက်လို့တောင် ခံစားခဲ့ရတယ်” လို့ ဇန်က ပြောပါတယ်။ ဒါပေမယ့် ဇန်ဟာ ဒိုင်ဗင်အားကစား တခုတည်းတင်မကဘဲ ရေကူးခြင်းနဲ့ ရေကူး၊ စက်ဘီးစီး၊  အပြေးအားကစားတွေမှာပါ ငယ်စဉ်ကတည်းက ထူးချွန်သူဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up