Home
မြန်မာသတင်း
မြန်မာ့သဘာဝဓာတ်ငွေ့ရည်စက်ရုံ လုပ်ငန်းတွင် ရှဲလ်ရေနံကုမ္ပဏီ ပူးပေါင်းမည်
DVB
·
August 26, 2015
ရှဲလ်ရေနံကုမ္ပဏီဟာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ အီတာလျံ ထိုင်းကုမ္ပဏီ၊ အယ်လ်အန်ဂျီပီ ကုမ္ပဏီတွေနဲ့ သဘာဝဓာတ်ငွေ့ရည် (အယ်လ်အန်ဂျီ) ထုတ်လုပ် ဖြန့်ဖြူးရေးစက်ရုံ လုပ်ငန်းမှာ ပူးပေါင်းလုပ်ဆောင်သွားဖို့ သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်တယ်လို့ အာရှ သဘာဝဓာတ်ငွေ့ (Natural Gas Asia) သတင်းမှာ ဖော်ပြပါတယ်။ ရှဲလ်ရေနံကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ရော်ဂျာဘောင်းဒ်စ်က “ကျနော်တို့ ဒီသဘောတူညီမှုအတွက် အရမ်းဝမ်းသာပါတယ်။ ဒီအခွင့်အလမ်းအနေနဲ့ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ရည်မှန်းချက်မှာ ပူးပေါင်းလုပ်ဆောင်မယ့် မိတ်ဘက်ကုမ္ပဏီတွေနဲ့အတူ ရှဲလ်ကပါ ၀င်ကူညီနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်” လို့ ပြောပါတယ်။ ဒီသဘောတူညီမှုမှာ ရှဲလ်အနေနဲ့ သဘာဝဓာတ်ငွေ့ရည်စက်ရုံလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ နည်းပညာ အကူအညီ ပေးသွားမှာဖြစ်ပြီး စက်ရုံစွမ်းဆောင်ရည်နဲ့ သဘာဝဓာတ်ငွေ့ရည် (အယ်လ်အန်ဂျီ) ထုတ်လုပ်ဖြန့်ဖြူးမှုတွေမှာပါ ပါဝင်ကူညီသွားမယ်လို့ ဆိုပါတယ်။ ဒီလအစောပိုင်းက အီတာလျံ ထိုင်းကုမ္ပဏီဟာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ သဘာဝဓာတ်ငွေ့စက်ရုံ တည်ဆောက်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီမှု ရခဲ့ကြတာပါ။ အမေရိကန်ဒေါ်လာသန်း ၅၀၀ ကုန်ကျမယ့် ဒီစက်ရုံစီမံကိန်းဟာ ပထမအဆင့်အနေနဲ့ တည်ဆောက်တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ငွေ့စက်ရုံကနေ သဘာဝဓာတ်ငွေ့ရည် နှစ်စဉ်တန်ချိန် ၆ သန်း ထုတ်လုပ်နိုင်မယ်လို့ အီတာလျံ ထိုင်းကုမ္ပဏီ ဥက္ကဋ္ဌ ပရမ်ချိုင်ကာနက်ဆူတာက ဒီလအစောပိုင်းက Energy Business Review သတင်းမှာ ပြောခဲ့ပါတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နားလည်မှု စာချွန်လွှာကို ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး အီတာလျံ ထိုင်းကုမ္ပဏီက ၇၅ နှစ် လုပ်ကိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024