ဗလင်စီယာ ချန်ပီယံလိဂ် ကစားခွင့်ရ (ရုပ်သံ)

ချန်ပီယံလိဂ် ခြေစစ်ပွဲအဖြစ် ပြင်သစ် မိုနာကိုနဲ့ စပိန် ဗလင်စီယာအသင်းတို့ ယှဉ်ပြိုင်ကစားရမှာတော့ မိုနာကိုက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ၂ ပွဲပေါင်းရလဒ်နဲ့ ဗလင်စီယာအသင်းက ခြေစစ်ပွဲအောင်သွားပါတယ်။ ပထမအကျော့မှာတော့ ဗလင်စီယာအသင်းက မိုနာကိုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့အတွက် ၂ ပွဲပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး တက်ရောက်သွားတာ ဖြစ်ပါတယ်။ ဗလင်စီယာအသင်းက ပထမပိုင်း ၄ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် မိုနာကိုက ၁၇ မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ ဒီနောက် ဒုတိယပိုင်း ၇၅ မိနစ်မှာ မိုနာကို အသင်းက အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမအကျော့ရလဒ်ကြောင့် မိုနာကိုအသင်း ချန်ပီယံလိဂ်မှာ ကစားနိုင်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။ ဗလင်စီယာအသင်းက ချန်ပီယံလိဂ်မှာ ၀င်ရောက်ကစားခွင့်ရတဲ့အတွက် စပိန်ကလပ်အသင်း ၅ သင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

More News
Up