ၾသစေၾတးလ် တင်းနစ် သမားကို ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေချမှတ်

999
ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ရော်ဂျာဖလား (Rogers Cup) တင်းနစ်ပြိုင်ပွဲမှာ ပွဲကစားနေစဉ်အတွင်း ပြိုင်ဘက်ကစားသမားရဲ့ ချစ်သူအကြောင်း ထိခိုက်နစ်နာအောင် ပြောဆိုခဲ့တဲ့ သြစတြေးလျ တင်းနစ်သမား နစ်က် ကီရ်ဂီယော့စ်ကို ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားများအဖွဲ့ချုပ် (အေတီပီ) က ၂၈ ရက် ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀ ချမှတ်လိုက်ပါတယ်။
ဒုတိယအဆင့်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် ၃၇ ရှိ ကီရ်ဂီယော့စ်နဲ့ ပြင်သစ်အိုးပင်းချန်ပီယံ စတန်ဝါ ဝေါ်ရင်ကာတို့ တွေ့ဆုံတဲ့ပွဲမှာ ကီရ်ဂီယော့စ်က ပိုက်နားသွားပြီး ဝေါ်ရင်ကာရဲ့ ချစ်သူကို တခြားသူတယောက်နဲ့ ကျူးးလွန်နေကြောင်း စော်ကားပြောဆိုခဲ့တာပါ။
သူ့ရဲ့ ပြောဆိုတာတွေကို အသံဖမ်းစက်ကလည်း ဖမ်းယူရရှိခဲ့ပါတယ်။
အခုလို ပြုမူတာကြောင့် ကနဦးက ဒေါ်လာ ၁၀၀၀၀ ဒဏ်ရိုက်ခဲ့ပေမယ့် အခုအခါ ထပ်မံစစ်ဆေးခဲ့ပြီး အခု ပြစ်ဒဏ်တွေကို ထပ်ဆောင်း ချမှတ်လိုက်တာပါ။
ဒါပေမယ့် နောက်ထပ်တိုးတဲ့ ပြစ်ဒဏ်တွေဟာ ဆိုင်းငံ့ပြစ်ဒဏ်တွေ ဖြစ်ပါတယ်။
၆ လအတွင်း အေတီပီက လုပ်တဲ့ပွဲတွေမှာ သူ့အနေနဲ့ အပြစ်ထပ်ကျူးလွန်ခဲ့မှ ကျခံရမှာ ဖြစ်ပါတယ်။
သူ့လုပ်ရပ်ကို ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် ကီရ်ဂီယာ့စ်ကလည်း ဆိုရှယ်မီဒီယာက တဆင့် လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့ပါတယ်။