ခရာဒို ဂျုဗင်တပ်အသင်းတွင် အငှားကစားမည်

ဓာတ်ပုံ - ရိုက်တာ
1.5K
ချဲလ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ရရေး မသေချာဖြစ်နေတဲ့ တောင်ပံကစားသမား ခရာဒိုဟာ အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်အသင်းကို အငှားနဲ့ သွားရောက်ကစားဖို့ သဘောတူလိုက်ပါတယ်။
ချဲလ်ဆီးအသင်းကို ရောက်ရှိပြီး ၇ လအကြာ ဂျူဗင်တပ်မှာ တရာသီ သွားရောက်ကစားဖို့ သြဂုတ် ၂၄ ရက်က စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။
ပက်ဒရိုကို ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့က ပေါင် ၂၁ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက်မှာ ခရာဒိုဟာ ပထမဦးစားပေး ကစားသမားဖြစ်နိုင်ဖို့ မရေရာတဲ့ အနေအထားမှာ ရှိနေပါတယ်။
အသက် ၂၇ နှစ်ရှိ ကိုလံဘီယာ ကစားသမား ခရာဒိုဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ချဲလ်ဆီးအသင်းကို ပေါင် ၂၂ ဒသမ ၃ သန်းနဲ့ အီတလီကလပ် ဖီအိုရင်တီးနားကနေ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ခရာဒိုဟာ ချဲလ်ဆီးအသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ပွဲထွက်ခွင့်ရရေး ရုန်းကန်နေရပါတယ်။
သူဟာ အီတလီ အူးဒီးနီးစ်နဲ့ လိစ့်အသင်းမှာ ကစားခဲ့ဖူးပါတယ်။