ဥဇဘက် ကစ္စတန်တွင် ကြီးမားသည့် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ (ရုပ်သံ)

2.5K
ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ မြို့တော်မှာ ကြီးမားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ခဲ့လို့ မြို့ဆင်ခြေဖုံးရပ်ကွက်တွေ တုန်ခါသွားခဲ့ပြီး သြဂုတ် ၂၅ ရက်ည နှောင်းပိုင်းမှာ ကောင်းကင်ပေါ် မီးလုံးကြီး ပျံတက်ခဲ့တာပါ။
Radio Free Europe/Radio Liberty (RFERL) သတင်းဌာနကို ပေးပို့လာတဲ့ အပျော်တမ်း ရုပ်သံထဲမှာတော့ ယာဉ်မောင်းအတော်များများက လမ်းဘေးမှာ ရပ်ကြည့်ခဲ့ကြပါတယ်။
ဝေးလံသီခေါင်တဲ့ သီးခြားနေရာမှာ မီးလောင်တာဖြစ်လို့ ဒဏ်ရာရသူ အစီရင်ခံမှု မရှိသေးပါဘူး။
အရေးပေါ်ကားတွေက အခင်းဖြစ်ရာကို သူ့ထက်ငါဦးအောင် ရောက်လာကြပါတယ်။
မီးက ၃ နာရီကြာ လောင်ကျွမ်းခဲ့ပြီး မြို့လယ်ကနေ မြင်ရတယ်လို့ RFERL က အစီရင်ခံပါတယ်။
အရေးပေါ်ပြင်ဆင်ဖို့ ရွေ့လျားဝန်ချီစက်တွေကို အဖွဲ့ဝင်တွေက သုံးခဲ့ရပါတယ်။
အာဏာပိုင်တွေကတော့ ဟောင်းနွမ်းအိုမင်းနေတဲ့ ပိုက်လိုင်းက ဓာတ်ငွေ့ဖိအားကို မခံနိုင်လို့ စုတ်ပြတ်သွားတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် ဒေသတွင်း လူအနည်းဆုံး အယောက် ၃ သောင်းလောက် ဓာတ်ငွေ့မရှိဘဲ ရက်အတော်ကြာ နေရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
<script data-config="//config.playwire.com/26104/videos/v2/3835788/zeus.json" data-css="//cdn.playwire.com/bolt/js/zeus/skins/default.css" data-height="100%" data-width="100%" src="//cdn.playwire.com/bolt/js/zeus/embed.js" type="text/javascript"></script>