A d v e r t i s e m e n t With Us

ဒု-ကမ္ဘာစစ်နှစ် ၇၀ ပြည့်ပွဲတက်ရန် သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံသွားမည်

ဓာတ်ပုံ - news.cn
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ ပေကျင်း မြို့မှာ စက်တင်ဘာလ ၃ ရက်နေ့ ကျင်းပမယ့် ဖက်ဆစ်တော်လှန်ရေးနဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်မယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ပါ တယ်။ အခမ်းအနားကို မြန်မာ သမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံတကာ ခေါင်းဆောင် ၃၀ ကျော် ပါဝင် တက်ရောက်မယ်လို့ အခမ်းအနားကျင်းပရေးကော်မတီက တရားဝင်ထုတ်ပြန်ထားတယ်လို့လည်း ဆိုပါတယ်။ အခမ်းအနား တက်ရောက်ကြမယ့်သူတွေထဲမှာ ရုရှားသမ္မတ ပူတင် ၊ တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး၊ တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း စသူတို့ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာက ထင်ရှားတဲ့ ခေါင်းဆောင် တွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကတော့ ပေကျင်းမှာကျင်းပမယ့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူးလို့ ဂျပန်အစိုးရ ပြောရေး ဆိုခွင့်ရှိသူက ပြောထားပါတယ်။ ဒီအခမ်းအနားမှာ တရုတ် စစ်သည်ပေါင်း ၁၂,၀၀၀၊ စစ်လက်နက်ပေါင်း ၅၀၀ ကျော်၊ စစ်လေယာဉ်ပေါင်း အစင်း ၂၀၀ ကျော် ပါဝင်စစ်ရေးပြကြမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံကလည်း စစ်ရေးပြ တပ်ဖွဲ့တွေ စေလွှတ်ပါဝင်စေမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up