ရှုမျှော်ခင်းများကို ထွင်းဖောက်မြင်နိုင်မည့် ဖန်သားမျက်နှာပြင်






813
ပတ်ဝန်းကျင် ရှုမျှော်ခင်း အလှအပတွေကို ထွင်းဖောက်မြင်နိုင်မယ့် အာရှအကြီးဆုံး ဖန်သားမျက်နှာပြင်ကို တရုတ်နိုင်ငံ ၀ူလောင်ပြည်နယ်၊ ချောင်ကျင်းမြို့မှာ တည်ဆောက်နေတယ်လို့ စီစီတီဗွီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ မီတာ ၁၂၀၀ ရှိတဲ့ တောင်စောင်းမှာ တည်ဆောက်ထားတာဖြစ်ပြီး ဖန်သားမျက်နှာပြင်အကျယ် ၁၁ မီတာ ဖြန့်ကြက် တည်ဆောက်ထားတဲ့အတွက် အဲဒီ ဖန်သားမျက်နှာပြင်ပေါ်ကနေ တောင်စောင်းအောက်ခြေ အနက် ၂၈၀ မီတာထိ ခမ်းနားတဲ့ ရှုမျှော်ခင်းတွေကို အလွယ်တကူ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
တည်ဆောက်ရေး လုပ်ငန်းတွေဟာ ပြီးစီးတော့မှာဖြစ်ပြီး လာမယ့် အောက်တိုဘာလ မှာ အများပြည်သူတွေ လာရောက်လေ့လာနိုင်ဖို့ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ people.cn သတင်းက ဆိုပါတယ်။
ဓာတ်ပုံ - CCTV News