A d v e r t i s e m e n t With Us

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနား စတင်ကျင်းပ

သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင် ဥာဏိဿရ တည်​ထောင်ဖွင့်​လှစ်​နေတဲ့​ သီတဂူ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲ အခမ်း​အနား​ကို မ​နေ့​က စတင်ကျင်း​ပပါတယ်။ ၅ ရက်ဆက်တိုက် ကျင်း​ပပြုလုပ်မယ့်​ ဒီအခမ်း​အနား​ရဲ့​ ပထမဆုံး​နေ့​ရက်မှာ နိုင်ငံ​တော် သံဃာ့​မဟာနယာအဖွဲ့​ချုပ်ဝင် ဆရာ​တော်ကြီး​တွေနဲ့​ သံဃာ​တော်တွေ ကြွချီပြီး​ ဘုရား​အ​နေကဇာတင်နဲ့​ သိမ်သမုတ်အစီအစဉ်​တွေကို မ​နေ့​က ​ မနက်ပိုင်း​က စတင်ပြုလုပ်တယ်လို့​ သီတဂူဆရာ​တော်ရဲ့​ အတွင်း​ရေး​မှူး​ ဦး​ဟန်က ​ပြောပြပါတယ်။ “အဲဒီမှာ​တော့​ ဩဝါဒ​တွေ ဘာ​တွေ ဘာမှ မိန့်​ကြား​တာ မရှိပါဘူး​။ အဘိဓဇ ၅ ပါး​ ပါတယ်။ တိပိတဋက ၈ ပါး​ တက်တယ်။ ​နောက် တိုင်း​၊​ မြို့​နယ်၊​ ရပ်ကွက် အား​လုံး​ သံဃာ​တွေ အလွှာအကုန်တက်ပါတယ်။ အဲဒီမှာ ဘုရား​အ​နေကဇာတင် လုပ်ပါတယ်။ ​နောက် အဲဒီ​ကြောင်း​မှာပဲ သိမ်သမုတ်ပါတယ်။ သံဃာ့​လုပ်ငန်း​တွေပဲ သူတို့​ လုပ်​ပေး​သွား​တာပါ။ စုစု​ပေါင်း​ သံဃာ အပါး​ ၁၂၀ တက်ပါတယ်။” ဇွန် ၁၇ ရက်​နေ့​မှာ နိုင်ငံ​တော် သမ္မတ အပါအဝင် ပြည်​ထောင်စု အစိုး​ရအဖွဲ့​ဝန်ကြီး​တွေနဲ့​ နိုင်ငံတကာ သံရုံး​တာဝန်ခံ​တွေ၊​ ကုလသမဂ္ဂလက်​အောက်က နိုင်ငံတကာလူမှု​ရေး​အသင်း​အဖွဲ့​တွေကို ဖိတ်ကြား​ပြီး​ ဖွင့်​ပွဲအခမ်း​အနား​ကို ဆက်လက်ပြုလုပ်ဖို့​ရှိ​နေပါတယ်။ ဒီအစီအစဉ်​တွေကိုလည်း​ ဦး​ဟန်ကပဲ အခုလို ​ပြောပါတယ်။ “မနက်ဖြန် အခမ်း​အနား​က​တော့​ အစိုး​ရအဖွဲ့​ကလည်း​ လာမှာ​ပေါ့​။ သမ္မတအဆင့်​ ပုဂ္ဂိုလ်တဦး​ဦး​ ကြွမှာ​ပေါ့​။ သမ္မတအဆင့်​ ဆို​တော့​ သမ္မတဖြစ်​စေ၊​ ဒုတိယ သမ္မတဖြစ်​စေ တဦး​ဦး​ ကြွမှာ​ပေါ့​နော်။ ​နောက်ပြီး​ သံတမန်​တွေ​ရော အကုန်ဖိတ်တယ်၊​ သံရုံး​တွေ အကုန်။ ယူအန်ရဲ့​ ပ​ရောဂျက်​တွေ WHO တို့​ အဲဒီလိုဟာ​တွေ ဖိတ်ထား​တယ် ခင်ဗျ။ ၁၆ ဖွဲ့​ရှိတယ်။ ​ရေစက်ချ​ပေး​မယ်၊​ လက်​ဆောင်​တွေ ​ပေး​မယ်၊​ အဲဒီလို ဩဝါဒ ​ပေး​မယ်ဆိုတာ ရှိပါတယ်။ ဆရာ​တော်ကြီး​လည်း​ ​ပြောမယ်။ သူတို့​ဘက်ကလည်း​ ပြန်​ပြော ဘာ​ပြောမလဲ။ အဲဒီလို ​ပြောခွင့်​ပေး​မှာ​ပေါ့​။ ​ပြောချင် ​ပြော​ပေါ့​။” ဇွန် ၁၈ ရက်​နေ့​မှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်အပါအဝင် နိုင်ငံ​ရေး​ပါတီ ​ခေါင်း​ဆောင်​တွေနဲ့​ လူမှု​ရေး​အသင်း​ အဖွဲ့​တွေက ​ခေါင်း​ဆောင်​တွေကို ဖိတ်ကြား​ပြီး​ ဆက်လက်ကျင်း​ပဖို့​လည်း​ ရှိ​နေပါတယ်။ ကျန်နှစ်ရက်မှာ​တော့​ ​ကျောင်း​တိုက် အလှူရှင်​တွေကို ဖိတ်ကြား​ဆောင်ရွက်မှာဖြစ်ပြီး​ ​နောက်ဆုံး​နေ့​မှာ​တော့​ ​ကျောင်း​တိုက်​နေ စာသင်သား​သံဃာ​တွေ၊​ ပုဂ္ဂိုလ်​တွေနဲ့​ ကျင်း​ပပြုလုပ်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up