တောဆင်ရိုင်း ရန်ပြုမှုကြောင့် ညောင်ဦးဒေသခံ ၁ ဦးသေဆုံး (ရုပ်သံ)

ညောင်ဦးမြို့နယ်ထဲမှာ တောဆင်ရိုင်းတွေက ရန်ပြုတာကြောင့် လူငယ်တဦး မနေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။ ငါသရောက်မြို့နယ်ထဲက ဆင်လူးအိုင်ကွင်းအနီးမှာ အသက် ၃၀ ကျော်အရွယ် မောင်ဖိုးပိုင်က ဆင်တွေကို အနီးကပ် ဓာတ်ပုံရိုက်ဖို့ ကြိုးစားစဉ် နှာမောင်းနဲ့ ကိုင်ရိုက်ခံရတာကြောင့် ခြေထောက် ၂ ဖက်ကျိုး၊ လက် ၂ ဖက်ကျိုး ၀မ်းဗိုက်ပေါက် ဒဏ်ရာ ရရှိခဲ့ပြီး၊ တောင်ဇင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမယ့် နေ့လည်ပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ လမ်းပျောက်နေတဲ့ တောဆင်ရိုင်း ၆ ကောင်ဟာ သြဂုတ် ၂၂ ရက်ညပိုင်းမှာ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပြားရွာနားကို ရောက်ရှိလာကြပြီး သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတော့ ပုပ္ပါးဘက်ကို ထွက်ခွာသွာကြတယ်လို့ လက်ပံပြား ရဲစခန်းမှူးက ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။ ရိုက်ကူး - အာကာမင်း၊ သက်ဝင်း

More News
Up