A d v e r t i s e m e n t With Us

မန္တ​လေး​တွင် ​ဒေါ်စု​မွေး​နေ့​အကြို သစ်ပင်စိုက်

မန္တ​လေး​မြို့​က နိုင်ငံ​ရေး​အကျဉ်း​သား​ကူညီ​ရေး​ကွန်ရက်က ကွန်ရက် တနှစ်ပြည့်​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​မွေး​နေ့​အကြိုအဖြစ် သစ်ပင် အပင် (၆၀) ကို မ​နေ့​က စိုက်ပျိုး​ ခဲ့​တယ်လို့​ ကွန်ရက် ဦး​စီး​လုပ်​ဆောင်​နေသူ တဦး​က ​ပြောပါတယ်။ မ​နေ့​တုန်း​က မန္တ​လေး​ ချမ်း​မြသာစည် မြို့​နယ်တွင်း​ရှိ စံပယ်​လေး​ရုံ ​ကျောင်း​တိုက်ဝန်း​ကျင်မှာ တန့်​ဆည်ပင်၊​ ပိ​တောက်ပင်၊​ တမာပင်၊​ ခ​ရေပင်၊​ သရက်ပင် အစရှိတဲ့​ အရိပ်ရတဲ့​အပင်မျိုး​တွေ စိုက်ခဲ့​တယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ချမ်း​အေး​သာဇံ မြို့​နယ် ဥက္ကဋ္ဌ ဦး​ကိုကို​လေး​က ​ပြောပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​မွေး​နေ့​ ဒီလ ၁၉ ရက်​နေ့​ကျမှ သံတက်ကုန်း​ ဘုန်း​ကြီး​ကျောင်း​မှာ ကျန် ၇ ပင်ကို စိုက်မှာ ဖြစ်ပါတယ်လို့​ ဦး​ကိုကို​လေး​က ​ပြောပါတယ်။ “ကျ​နော်တို့​ ​ခေါင်း​ဆောင်ကြီး​ သက်​တော်ရာ​ကျော် ရှည်ဖို့​ရာအတွက် ၆၆ နှစ်ပြည့်​တဲ့​အပြင် ကျ​နော်တို့​က လာမည့်​ တနှစ်စာပါ တနှစ်ကိုပါ တိုး​ပြီး​ ၆၇ ပင် စိုက်ပျိုး​ပေး​ခြင်း​ ဖြစ်ပါတယ်။” ဒီသစ်ပင်စိုက်ရတဲ့​ ရည်ရွယ်ချက်ကိုလည်း​ သူက ခုလို​ပြောပါတယ်။ “ဒီသစ်ပင် စိုက်ခြင်း​အား​ဖြင့်​ သဘာဝပတ်ဝန်း​ကျင်ကိုလည်း​ ထိန်း​သိမ်း​သလို ရာသီဥတုကိုလည်း​ ထိန်း​သိမ်း​ပါတယ်။ နား​ခိုနိုင်ရန်အတွက်လည်း​ အာလုံး​အတွက် အပူဒဏ်ကိုခံနိုင်ရန်အတွက်​သော်လည်း​ကောင်း​၊​ ​လေ​ကောင်း​လေသန့်​ ရရှိရန်အတွက် ​သော်လည်း​ကောင်း​ ရည်ရွယ်ပြီး​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည် ကဲ့​သို့​သော အရိပ်ရ သစ်ပင်မျိုး​တွေ ဖြစ်​စေချင်ပါတယ်။ ​” နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၂၀၀ ခန့်​ ပြန်လည်လွတ်ဖို့​ ရည်ရွယ်တဲ့​ ငှက်လွှတ်ပွဲ​တွေအပြင် ဘုန်း​တော်ကြီး​စာသင်​ကျောင်း​က ဆရာ​တော်နဲ့​ ​ကျောင်း​သား​ငယ်​တွေကို အလှူအတန်း​လုပ်ဖို့​ ပြင်ဆင်​နေတယ်လို့​ ဦး​ကို​လေး​က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up