ချဲလ်ဆီးရောက် ပက်ဒရို ဘာစီလိုနာအသင်း ကစားဖော်များကို နှုတ်ဆက်

1K
ချဲလ်ဆီးအသင်းနဲ့ စာချုပ်ချုပ်လိုက်တဲ့ ပက်ဒရို (Pedro) က ဘာစီလိုနာအသင်း ကစားဖော်တွေကို ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့မှာ နှုတ်ဆက်ခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် ပက်ဒရိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းတော့မလိုလို သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒီတပတ် အစောပိုင်းမှာ ချဲလ်ဆီးက ယူရို သန်း ၃၀ နဲ့ ခေါ်ယူခဲ့ပါတယ်။
သူဟာ စပိန် ဘာစီလိုနာအသင်းမှာ ဘောလုံးရာသီ ၉ ရာသီ ကစားခဲ့ပြီး ၉၉ ဂိုး သွင်းနိုင်ခဲ့လို့ ဥရောပမှာ ကြောက်စရာအကောင်းဆုံး ကစားသမားတယောက် ဖြစ်လာခဲ့ပါတယ်။
ကစားဖော်တွေ၊ နည်းပြတွေရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ အချိန်တွေအတွက် ပျော်ရွှင်ခဲ့ရသလို အသင်းကောင်းတသင်းမှာ ကစားသမားကောင်းတွေနဲ့အတူ ကစားခွင့်ရခဲ့တဲ့ အတွက်ရော၊ ရရှိခဲ့တဲ့ ဆုတံဆိပ်တွေအတွက်ရော ခေါင်းမော့ ဂုဏ်ယူနိုင်တယ်လို့ ပြောပါတယ်။
အခုလို အပြောင်းအလဲအတွက် ဆုံးဖြတ်ချက်ဟာလည်း မိသားစုတခုလုံးအတွက် စိတ်လှုပ်ရှားဖွယ် ဖြစ်တယ်လို့ ပက်ဒရိုက သူ့ဇနီးရှေ့မှာ ပြောပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ်မှာ အမာခံပရိသတ် အားကောင်းသလောက် ကစားပုံကလည်း ပရိသတ်အပေါ် ဆွဲဆောင်မှု ရှိတာကြောင့် သူ့အနေနဲ့လည်း နိုင်ငံသစ်၊ အသင်းသစ်မှာ ပြောင်းကစားဖို့ ဆုံးဖြတ်လိုက်တာလို့ ရှင်းပြပါတယ်။
အသင်းသစ်က ကစားဖော်တွေကလည်း သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုနေကြတဲ့အတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။