A d v e r t i s e m e n t With Us

ဒေါ်​အောင်ဆန်း​စုကြည် ​မွေး​နေ့​အထိမ်း​အမှတ် ​ဈေး​ရောင်း​ပွဲ​တော်ဖွင့်​လှစ်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ၆၆ နှစ် ​မြောက်​မွေး​နေ့​ အထိမ်း​အမှတ်အဖြစ် ၃ ရက်ကြာ ကျင်း​ပပြုလုပ်မယ့်​ ​ဈေး​ရောင်း​ပွဲ​တော်ကို ဒီက​နေ့​မနက်ပိုင်း​မှာ ရန်ကုန်မြို့​၊​ အုတ်လမ်း​မှာရှိတဲ့​ အဖွဲ့​ချုပ်ရုံး​ချုပ်မှာ စတင်ဖွင့်​လှစ်လိုက်ပြီဖြစ် ပါတယ်။ ဒီ​ဈေး​ရောင်း​ပွဲ​တော်က ​ရောင်း​ချလို့​ ရရှိလာတဲ့​ အမြတ်​ငွေ​တွေကို အဖွဲ့​ချုပ်ရဲ့​ လူမှုအ​ထောက်အကူပြု ရန်ပုံ​တွေအဖြစ် လှူဒါန်း​သွား​ကြမှာ ဖြစ်တယ်လို့​ အဖွဲ့​ချုပ် ပြန့်​ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ “​ဈေး​ရောင်း​ပွဲ​တော်အဖွင့်​ကို အ​ထွေ​ထွေအတွင်း​ရေမှူး​ကိုယ်တိုင် ဖဲကြိုး​ဖြတ်ပြီး​ ​တော့​ လာ​ရောက်ဖွင့်​လှစ်​ပေး​ပါတယ်။ ​ဈေး​ရောင်း​ပွဲ​တော်မှာ ဆိုလို့​ရှိရင် ကျ​နော်တို့​ အဖွဲ့​ချုပ်ရုံး​ထဲမှာ အ​ရောင်း​ကောင်တာ​တွေ ဖွင့်​ပြီး​တော့​ ​ရောင်း​ကြတာ ဖြစ်ပါတယ်။ ချင်း​ပြည်နယ်၊​ ရခိုင်ပြည်နယ်၊​ ကယား​ပြည်နယ်၊​ ဧရာဝတီတိုင်း​တို့​မှ အပ ကျန်တဲ့​ ပြည်နယ်နဲ့​တိုင်း​ ၁၀ ခုက လာ​ရောက်ပြီး​တော့​ ​ဒေသထွက် ပစ္စည်း​တွေ၊​ အစား​အ​သောက်​တွေ၊​ အထိမ်း​အမှတ်ပစ္စည်း​တွေ လာ​ရောက် ​ရောင်း​ချကြပါတယ်။ အထူး​စည်ကား​ပါတယ်။ ဒီက ​ရောင်း​ချလို့​ ရတဲ့​ အမြတ်အား​လုံး​ဟာ အဖွဲ့​ချုပ်က လုပ်​နေတဲ့​ လူမှုအ​ထောက်အကူလုပ်ငန်း​တွေမှာ ကျ​နော်တို့​ ရန်ပုံ​ငွေအဖြစ်နဲ့​ ထည့်​ဝင်သွား​မှာ ဖြစ်ပါတယ်။” ဒါ့​အပြင် နိုင်ငံ​ရေး​အကျဉ်း​သား​မိသား​စုဝင်​တွေ အပါအဝင် အမျိုး​သမီး​အဖွဲ့​၊​ လူငယ်အဖွဲ့​၊​ HIV/AIDS ကူး​စက်ခံရသူ​တွေကို ကူညီ​စောင့်​ရှောက်​ပေး​နေတဲ့​အဖွဲ့​၊​ ​သွေး​လှူကွန်ရက်​တွေကလည်း​ ဆိုင်း​ခန်း​တွေကို သီး​ခြား​ဆီ ဖွင့်​လှစ် ​ရောင်း​ချ​နေကြတယ်လို့​လည်း​ ဦး​အုန်း​ကြိုင်က ဆိုပါတယ်။ အရင်က အဖွဲ့​ချုပ်ရုံး​ရဲ့​ အခမ်း​အနား​တွေကို အာဏာပိုင်​တွေဘက်က ​စောင့်​ကြည့်​တာ၊​ ​နှောင့်​ယှက်တာ​တွေရှိခဲ့​ပေမယ့်​ အခု​နောက်ပိုင်း​ မရှိ​တော့​ဘူး​လို့​လည်း​ ဦး​အုန်း​ကြိုင်က ဆိုပါတယ်။ “အရင်တုန်း​က ကျ​နော်တို့​ တခုခု လုပ်ပြီဆိုရင် ရုံး​ရှေ့​မှာ ရှိတဲ့​ သက်ဆိုင်ရာ သူတို့​ အရပ်ဝတ်နဲ့​ ​ထောက်လှမ်း​ရေး​တို့​ ဘာတို့​က လာပြီး​တော့​ ကြည်ရှုပြီး​တော့​ ဓာတ်ပုံရိုက်တာတို့​ ဘာတို့​ ရှိတယ်။ အဲဒါလည်း​ ​တော်​တော် နည်း​ပါတယ်။ အဲဒါအပြင် အရင်တုန်း​ကဆိုရင်​တော စွမ်း​အား​ရှင်တို့​ ဘာတို့​ကပါ ကား​ကြီး​ကား​ငယ်နဲ့​ လာပြီး​တော့​ ကျ​နော်တို့​ ရုံး​နဲ့​ မျက်​စောင်း​ထိုး​လောက် ဘာ​လောက်မှာ လာရပ်​နေပြီး​တော့​ သူတို့​ အင်အား​နဲ့​ လာပြီ​တော့​ ​စောင့်​ကြည့်​တာ​တွေက အခု အဲဒါ​တွေ လုံး​ဝမရှိ​တော့​ဘူး​။ ​အေး​အေး​ဆေး​ဆေး​ပါပဲ။ ​ပျော်​ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်ပါပဲ ကျ​နော်တို့​လည်း​ လုပ်​နေကြပါတယ်။” ဒီလ ၁၆ ​နေ့​ ၁၈ ရက်​နေ့​အထိ ၃ ရက် ကြာ ​ဈေး​ရောင်း​ပွဲ​တော်အတွင်း​မှာ​တော့​ ​တေး​ရေး​ဆရာ ကိုရဲလွင်၊​ ဟစ်​ဟော့​အဆို​တော် ​ဇေယျာ​သော်စတဲ့​ အနုပညာရှင်​တွေနဲ့​ အတူ ပြည်နယ်နဲ့​တိုင်း​အသီး​သီး​ အဖွဲ့​ချုပ်ဝင် အနုပညာ​တွေရဲ့​ ​တေး​ဂီတ ​ဖျော်​ဖြေမှု​တွေ သီချင်း​ဆိုပြိုင်ပွဲစတဲ့​ ​ဖျော်​ဖြေ​ရေး​ အစီအစဉ်​တွေလည်း​ ပါဝင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up