Home
မြန်မာသတင်း
ညောင်ဦးဒေသခံတဦး တောဆင်ရိုင်းနှာမောင်းဖြင့် ကိုင်ရိုက်ခံရ
DVB
·
August 24, 2015
ညောင်ဦး ငါသရောက်မြို့နယ်ခွဲ ပြွမ်အုပ်စု ဆင်လူးအိုင်ကွင်းအနီးမှာ တောဆင်ရိုင်းတွေကို လိုက်လံကြည့်ရှု ဓာတ်ပုံရိုက်ရာမှ ဒေသခံတဦး ဆင်နှာမောင်းနဲ့ ကိုင်ရိုက်ခံခဲ့ရပါတယ်။ ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့က စားကျက်ရှာရင်း နယ်ကျော်လာတဲ့ တောင်ဆင်အကြီး ၄ ကောင်နဲ့ အသေး ၂ ကောင် ပေါင်း ၆ ကောင်ကို ညောင်ဦးမြို့နယ် ကံကျဲကျေးရွာနေ အဖဦးမုန်းရဲ့သား မောင်ဖိုးပိုင် ၃၄ နှစ်ခန့်ဟာ အနားကပ်ပြီး ဓာတ်ပုံရိုက်ရာမှ နှာမောင်းနဲ့ ကိုင်ရိုက်ခံရတာကြောင့် ပြင်းထန်စွာဒဏ်ရာရရှိပြီး တောင်ဇင်းဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ တောဆင်ရိုင်း ၆ ကောင်ဟာ သြဂုတ် ၂၂ ရက်ညပိုင်းမှာ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပြားရွာနားကို ရောက်ရှိလာကြပြီး သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတော့ ပုပ္ပါးဘက်ကို ထွက်ခွာသွာကြတယ်လို့ လက်ပံပြား ရဲစခန်းမှူးက ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။ ဓာတ်ပုံ - အာကာမင်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024