တရုတ် စတော့ရှယ်ယာဈေးကွက် ဆက်လက်ကျဆင်း

ဓာတ်ပုံ - ရိုက်တာ
3.9K
ပြီးခဲ့တဲ့တပတ်ကတည်းက ဈေးကျနေခဲ့တဲ့ တရုတ်စတော့ရှယ်ယာဈေးတွေဟာ သြဂုတ် ၂၄ ရက်နေ့မှာလည်း ဆက်လက်ထိုးဆင်းနေပါတယ်။
အခုလို တရုတ်ငွေကြေးဈေးကွက် မတည်မငြိမ်ဖြစ်မှုတွေ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး နှေးကွေးလာတဲ့အပေါ် တရုတ်စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူတွေအကြား ပိုပြီး စိုးရိမ်မှုတွေ ဖြစ်လာရတာပါ။
ရှန်ဟိုင်းစတော့ရှယ်ယာ ညွှန်းကိန်းဟာ သြဂုတ် ၂၄ ရက် ဈေးဖွင့်ချိန်က ၃၂၁၁ ဒသမ ၇၅ နဲ့ ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ထိုးကျသွားပါတယ်။
ပြီးခဲ့တဲ့တပတ်ကတည်းက စတော့ဈေးတွေ ထိုးကျနေတဲ့အတွက် ငွေကြေးရင်းနှီးမြှုပ်နှံသူတွေကို အစိုးရက အာမခံမှုတွေ အမျိုးမျိုးပေးနေပေမယ့် စတော့ရှယ်ယာ ထုတ်ရောင်းမှုတွေကတော့ ဆက်ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ရုံးပိတ်ရက်တွေအတွင်း တရုတ်နိုင်ငံရဲ့ သက်ကြီးပင်စင်ရန်ပုံငွေကို စတော့ရှယ်ယာမှာ ပထမဆုံး ရင်းနှီးမြှုပ်နှံခွင့်ကို တရုတ်အစိုးရက ခွင့်ပြုခဲ့ပါတယ်။
စည်းမျဉ်းသစ်တွေအရ စုငွေရဲ့ ၃၀ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး အခုလို ခွင့်ပြုလိုက်တဲ့အတွက် တရုတ်စတော့ဈေးတွေ ပြန်တက်လာမယ်လို့ တရုတ်အစိုးရက မျှော်လင့်တာပါ။ ဟောင်ကောင် ဟန်ဆင်န် (Hang Seng) စတော့ဈေးကွက်လည်း သြဂုတ် ၂၄ ရက်က ၄ ရာခိုင်နှုန်း ဈေးကျခဲ့ပြီး ညွှန်းကိန်း ၂၁၅၂၃ နဲ့ ဈေးဖွင့်ခဲ့ပါတယ်။