ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၀ ဦးနီးပါး ရှိ

ဖိလစ်ပိုင်နိုင်ငံမှာ ဂိုနီအမည်ရှိ တိုင်ဖုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်သွားတာကြောင့် နိုင်ငံမြောက်ပိုင်းမှာ မိုးသည်ထန် ရေကြီးမြေပြိုမှုတွေနဲ့ကြုံတွေ့နေရပြီး သေဆုံးသူ ၁၀ ဦးလောက် ရှိနေပြီလို့ ဒေသအာဏာပိုင်တွေကပြောပါတယ်။ မုန်တိုင်းဟာ တနာရီ မိုင် ၁၂၀ ကျော်နှုန်းနဲ့ တိုက်ခတ်သွားတာဖြစ်ပြီး မုန်တိုင်းကြောင့် ထောင်ပေါင်းများစွာသောလူတွေ ဘေးလွတ်ရာ ကုန်းမြင့်တွေဆီ ရွှေ့ပြောင်းပေးခဲ့ရသလို ပြည်တွင်းလေကြောင်း ခရီးစဉ်တွေလည်း ဖျက်သိမ်းခဲ့ ရပါတယ်။ မုန်တိုင်းဖြတ်သွားတဲ့ ဘာတာနီ ကျွန်းပေါ်က ခရိုင် ၂ ခုမှာ အိမ်တွေ အတော်များများ ပျက်စီးသွားသလို၊ မြစ်တွေ ရေလျှံနေပါတယ်။ မုန်တိုင်းကာလ မိုးသည်းထန်ခဲ့တဲ့   မြို့တော်မနီလာ  အလုပ်တွေ၊ ကျောင်းတွေကို ပိတ်ခဲ့ရပါတယ်။ စစ်သားတွေက ရိက္ခာ၊ ရေနဲ့ တခြား အရေးပေါ်အကူအညီတွေကို ဖြန်ဝေပေးနေတယ်လို့ သဘာဝကပ်ဘေး လျှော့ချရေးနဲ့ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ ဖိလစ်ပိုင်ကို နှစ်စဉ် တိုက်ဖွန်မုန်တိုင်း အကြိမ် ၂၀ လောက် ကြုံရလေ့ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၃ နိုဝင်ဘာမှာ ဟိုင်ယန်မုန်တိုင်းကြောင့် လူ ၆၃၀၀ သေဆုံးပြီး လူသိန်းချီ နေရာပြောင်းရွှေ့ပေးခဲ့ရပါတယ်။

More News
Up