ခြေတဖက်တည်းရှိတဲ့ တရုတ်စာပို့လုလင်





931
ခြေတဖက်ဖြတ်ထုတ်ထားရတဲ့ တရုတ်နိုင်ငံသား လီဟောင်ဂျွန်ဟာ လူမှုဖူလုံရေးထောက်ပံ့ငွေနဲ့ မရပ်တည်ချင်တဲ့အတွက် စာပို့သမားအလုပ်ကို စပြီးလုပ်ကိုင်ခဲ့တာ ခုချိန်မှာတော့ သူဟာ ကိုယ်ပိုင်လုပ်ငန်းတခုအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ပါပြီ။
သူ့မှာ ခြေတဖက်မရှိတော့ပေမယ့် တခြားသာမန်လူတွေလိုပဲ စာပို့တဲ့အလုပ်ကို လုပ်ကိုင်နိုင်ပြီး တရက်ကို ချောစာထုတ်ပေါင်း ၁၀၀ လောက်ပို့နိုင်တယ်လို့ ဟွာဇီမြို့တော် နေ့စဉ်သတင်းကို ပြောပါတယ်။
လူမှုဖူလုံရေးထောက်ပံ့ကြေးနဲ့ မရပ်တည်ချင်လို့ ဒီအလုပ်ကို ၂၀၁၂ ခုနှစ်တည်းက စလုပ်ခဲ့တာ ခုချိန်မှာတော့ လူ ၃ ဦးပါတဲ့ သူတို့အဖွဲ့ရဲ့ခေါင်းဆောင်တယောက် ဖြစ်နေပါပြီ။
သူက ဒီအလုပ်ကို သူ့ရဲ့ချစ်သူကြောင့်လုပ်ခဲ့တာလို့ ဟွာဇီမြို့တော်နေ့စဉ်သတင်းကို ပြောပါတယ်။
“ဒီအလုပ်က အကျိုးအမြတ်များများရတဲ့ အလုပ်တခုလို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် ကျနော်ငွေကြေး လုံလုံလောက်လောက်မစုမိခင် ကျနော့်ချစ်သူနဲ့ ပြတ်စဲခဲ့ရပါတယ်။ ခုတော့ ကျနော်ဘဏ်ထဲမှာ ငွေစုထားနိုင်ပြီ။ တခြားအနာဂတ် အခွင့်အလမ်းတွေလည်း ရှိလာပါပြီ။”
ဓာတ်ပုံ - CCTV