A d v e r t i s e m e n t With Us

စစ်ပွဲ​ကြောင့်​ ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ ထွက်​ပြေး

စစ်ေြပးဒုက္ခသည်များ
[caption id="attachment_10905" align="alignleft" width="310" caption="စစ်ပြေးဒုက္ခသည်များ"][/caption] ကေအိုင်​အေနဲ့​ မြန်မာစစ်အစိုး​ရ တိုက်ပွဲ​ကြောင့်​ ထွက်​ပြေး​တိမ်း​ရှောင်​နေရတဲ့​ ​ဒေသခံပြည်သူ တ​သောင်း​လောက် ရှိ​နေပြီလို့​ ​ကေအိုင်အို တွဲဖက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​လနန်း​က ​ပြောပါတယ်။ စစ်​မြေပြင်မှာ လက်ရှိ တိုက်ပွဲကြီး​တွေ မဖြစ်​တော့​ပေမယ့်​ တိုက်ပွဲငယ်​တွေ​တော့​ ကြိုး​ကြား​ကြိုး​ကြား​ ဖြစ်​နေတယ်လို့​ ​ကေအိုင်​အေက ​ပြောပါတယ်။ ဒီ​နေ့​တိုက်ပွဲတခုမှာ​တော့​ အစိုး​ရတပ်ဖွဲ့​ဝင်တချို့​ကို ဖမ်း​ဆီး​ရမိတယ်လို့​ ​ကေအိုင်အို သတင်း​စု​ဆောင်း​ရေး​နှင့်​ ဖြန့်​ချိ​ရေး​ကော်မတီဝင် ဒု-ဗိုလ်မှူး​ကြီး​ ​ယော်ထုံက ​ပြောပါတယ်။ “တပ်မဟာ ၄ ဘက်မှာ အစိုး​ရစစ်တပ်က စစ်သား​ ၆ ​ယောက်ကို ​သေနတ်နဲ့​ လက်နက်နဲ့​အတူ ဖမ်း​ရတယ်။ ဒီ​နေ့​ပဲ အ​သေး​စိတ်က မရ​သေး​ဘူး​။ ကျ​နော်တို့​က ထိုး​စစ်တာ့​ မဆင်ဘူး​။ ကျ​နော်တို့​ဆီမှာ သူတို့​ရောက်လာလို့​ရှိရင်​တော့​ ဒါက​တော့​ ​နေရာအနှံ့​ပေါ့​ ဘယ်​နေရာပဲ ဖြစ်ဖြစ် တိုက်ဖို့​ အမိန့်​ချထား​တယ်​လေ။” ကေအိုင်အို (ကချင်လွတ်လပ်​ရေး​အဖွဲ့​) အ​ခြေစိုက်ရာ လိုင်ဇာဌာနချုပ်နဲ့​ တရုတ် နယ်စပ်ဘက်ကို ​ဒေသခံပြည်သူ​တွေ ထွက်​ပြေး​ခိုလှုံ​နေကြတယ်လို့​လည်း​ ​ကေအိုင်အို တွဲဖက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦလနန်း​က ​ပြောပါတယ်။ “ဒုက္ခသည်က​တော့​ ကျ​နော်တို့​ လိုင်ဇာမှာတင်မဟုတ်ဘဲနဲ့​ KIA ထိန်း​ချုပ်ထား​တဲ့​နယ်စပ်တ​လျှောက်က မန့်​ဝိန်း​က​နေပြီး​ လိုင်ဇာအထိ အခု ကျ​နော်တို့​ ရထား​တဲ့​ အချက်အလက်က​တော့​ တ​သောင်း​ကျော်​လောက် ရှိ​နေပြီ။ ​နောက်ပြီး​ တချို့​က​တော့​ မြစ်ကြီး​နား​မြို့​နဲ့​ နီး​တဲ့​ မြို့​တွေကို သွား​ပြီး​တော့​ ခိုလှုံတာလည်း​ ရှိတယ်။ ကျ​နော်တို့​ ဒီ လိုင်ဇာဘက်ကို လာဖို့​ နည်း​နည်း​ ခရီး​အလှမ်း​ဝေး​တဲ့​ လူထု​တွေက တချို့​က​တော့​ မြစ်ကြီနား​ မြို့​တို့​ပေါ့​နော်၊​ ဝိုင်း​မော်မြို့​ကို သွား​ပြီး​တော့​ ခိုလှုံတယ်ဆိုတဲ့​သတင်း​လည်း​ ရတယ်။” ကေအိုင်အိုကို ​ရောက်ရှိလာ​နေတဲ့​ ဒုက္ခသည်​တွေအတွက် ​ကေအိုင်အိုက ​နေရာချထား​ပေး​နေပြီး​ ​နေ​ရေး​စား​ရေး​ ကူညီ​နေပါတယ်။ ကျောင်း​ဖွင့်​ချိန်ဖြစ်လို့​ ဒုက္ခသည်​တွေထဲက က​လေး​တွေကို ပညာဆက်လက် သင်ကြား​ရေး​အတွက်လည်း​ ​ကေအိုင်အို အုပ်ချုပ်​ရေး​ ​ကော်မတီက ​ဆောင်ရွက်​နေတယ်လို့​ ​ပြောပါတယ်။ စစ်ပွဲက ​ရေရှည်ဖြစ်သွား​ရင်​တော့​ ဒုက္ခသည်​တွေကို ​ရှေ့​ဆက် ​ထောက်ပံ့​ ကူညီသွား​ရမှာ ဖြစ်လို့​ ပြည်တွင်း​ပြည်ပက မြန်မာပြည်သား​တွေအ​နေနဲ့​ ကူညီကြမယ်ဆိုရင်​တော့​ ကြိုဆိုပါတယ်လို့​လည်း​ ဦး​လနန်း​က ​ပြောပါတယ်။ တရုတ်ပြည်ဘက်မှာ​တော့​ မြန်မာဘက်က စစ်​ပြေး​ဒုက္ခသည်​တွေအတွက် စခန်း​ဖွင့်​ပေး​တာမျိုး​ မရှိတဲ့​အပြင် ​ရောက်ရှိလာတဲ့​ ဒုက္ခသည်​တွေကို မြန်မာပြည်ဘက်ကို ပြန်ခိုင်း​နေပါတယ်။ နယ်စပ်တ​လျှောက်မှာလည်း​ တရုတ်ဘက်က လက်နက်ကိုင်တပ်ဖွဲ့​တွေ ချထား​လို့​ ဒုက္ခသည်​တွေ အဝင်အထွက် အခက်ကြုံ​နေပြီလို့​ နယ်စပ်​ဒေသခံ​တွေက ​ပြောပါတယ်။ ပြီး​ခဲ့​တဲ့​အင်္ဂါ​နေ့​တုန်း​က တိုက်ပွဲဖြစ်ပွား​ရာ ​ကေအိုင်​အေ တပ်ရင်း​ ၁၅ နား​က တာပိန်​ရေအား​လျှပ်စစ်စက်ရုံက တရုတ်အင်ဂျင်နီယာ​တွေနဲ့​ ဝန်ထမ်း​တွေ ထွက်ခွာသွား​တဲ့​အခါမှာ ​ရေကာတာကို ​ရေ​ဖောက်ထုတ်ခဲ့​ပြီး​ စက်ကိုပိတ်ပစ်ခဲ့​လို့​ ဗန်း​မော်မြို့​မှာ လျှပ်စစ်မီး​ ပြတ်​တောက်​နေတယ်လို့​လည်း​ သတင်း​ရရှိပါတယ်။ မြစ်ကြီး​နား​မြို့​မှာ ဘွန်ခါး​ကုမ္ပဏီက​ပေး​နေတဲ့​ လျှပ်စစ်မီး​ကို မပြတ်​တောက်​အောင် ​ကေအိုင်အိုက ​ပြောထား​လို့​ ၂၄ နာရီ မီး​လင်း​နေပါတယ်လို့​ ​ပြောပါတယ်။ “အဲဒီ မလိခ ​ရေအား​လျှပ်စစ်စီမံကိန်း​က အဲဒီ လျှပ်စစ်စက်ရုံကလည်း​ ကျ​နော်တို့​ KIA ထိန်း​ချုပ်တဲ့​ တပ်အနီး​မှာပါပဲ။ လူထုကို ကျ​နော်တို့​က မထိခိုက်​စေချင်တဲ့​ အတွက်​ကြောင့်​မို့​လို့​ မြစ်ကြီး​နား​ ဝိုင်း​မော်ဘက်က​တော့​ ၂၄ နာရီ မီး​ရ​နေပါတယ်။ လုံး​ဝ မပြတ်​အောင် လုပ်​ပေး​ကြပါဆိုပြီး​တော့​ အဲဒီ လျှပ်စစ်ရုံး​ကို ညွှန်ကြား​ထား​တာလည်း​ ရှိတယ်။” မြန်မာအစိုး​ရတပ်ဘက်က ပြီး​ခဲ့​တဲ့​စ​နေ​နေ့​ကစပြီး​ ​ကေအိုင်​အေကို လက်နက်ကြီး​ငယ်​တွေနဲ့​ စတင်ပစ်ခတ်တိုက်ခိုက်လို့​ ခုလို တိုက်ပွဲဖြစ်ပွား​နေတာပါ။ စစ်ပွဲက​တော့​ ရပ်သွား​မယ့်​ပုံမ​ပေါ်ဘဲ အစိုး​ရတပ်ဘက်က အင်အား​ တိုး​မြှင့်​လာ​နေတာ​ကြောင့်​ တိုက်ပွဲဆက်ဖြစ်မယ့်​ အလား​အလာရှိ​နေပြီး​ ​ကေအိုင်​အေ ဘက်က​တော့​ တပြည်လုံး​မှာ ခုခံစစ်ဆင်နွှဲသွား​ဖို့​ အမိန့်​ပေး​ ပြင်ဆင်ထား​ပြီလို့​ ​ပြောထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up