A d v e r t i s e m e n t With Us

အကြိတ်အနယ်ရှိခဲ့သည့် တောင်တက်စက်ဘီးစီး ကမ္ဘာ့ဖလားပြိုင်ပွဲ (ရုပ်သံ)

ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ တောင်တက်စက်ဘီးစီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွစ်ဇာလန် နိုင်ငံသား နီနို ဆွပ်တာနဲ့ ယိုလန်ဒါနိဖ်တို့က ချန်ပီယံတွေ ဖြစ်လာပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာ ယိုလန်ဒါက တာထွက်ကောင်းခဲ့ပေမယ့် သူ့ရှေ့ ဦးဆောင်ခဲ့တဲ့  ဒိန်းမတ်က အန်နီကာ လန်ဗတ်ကို အသာစီးရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်လို့ ပွဲအပြီးမှာ နိဖ်က ၀န်ခံပြောပါတယ်။ တောင်တက်ခရီးတွေက ခက်ခဲတဲ့ ပြိုင်ပွဲတခုပါပဲလို့ ဆိုပါတယ်။ ဒါဟာ သူ့အတွက် ဒုတိယမြောက် ဖလားဖြစ်တဲ့အတွက် အရမ်း ၀မ်းသာပီတိ ဖြစ်ရတယ်လို့လည်း ပြောပါတယ်။ အမျိုးသားပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံ ယူလီယံ အပ်စလွန်းက နီနို ဆွပ်တာနဲ့ မတိမ်းမယိမ်း နောက်က လိုက်ခဲ့ပါတယ်။ သူတို့နှစ်ယောက် အကြိတ်အနယ် ရှိခဲ့ပြီး နောက်ဆုံးအဆင့်မှာ ဆွပ်တာက သူ့ရဲ့ စက်ဘီးစွမ်းရည်ကို ပိုပြီး ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံး အမှတ်ပေးတဲ့အခါ ဆွပ်တာက ဒုတိယနေရာက အပ်စလွန်းထက် အမှတ်ပေါင်း ၂၅၀ ပိုရပြီး ချန်ပီယံ ဖြစ်လာပါတယ်။ ဒါဟာ ဒီနှစ်အတွက် အကြီးအကျယ် မျှော်လင့်ထားတဲ့ ရည်မှန်းချက်တခု ပြည့်မြောက်တာပဲလို့ ပွဲအပြီးမှာ ဆွပ်တာက ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up