A d v e r t i s e m e n t With Us

ချင်းမိုင်မြို့မှ တိုင်းရင်းသားထိပ်သီးအစည်းအဝေး ယနေ့ ဆက်ဆွေးနွေးမည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသားထိပ်သီး အစည်းအဝေးမှာ သဘောတူညီချက် မရသေးတာကြောင့် ဒီနေ့မှာ ဆက်ဆွေးနွေးဖို့ ရှိပါတယ်။ တပြည်လုံး အပစ်ရပ်စဲရေး သဘောတူညီချက်ကို တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က လက်မှတ်ထိုးဖို့ သဘောထားရှိပေမယ့်၊ တချို့အဖွဲ့တွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက တပြိုင်တည်း လက်မှတ် ရေးထိုးရေးမူကို ဆက်လက် စွဲကိုင်ထားတာကြောင့် ညှိနှိုင်းမရဘဲ ဖြစ်နေတာပါ။ ဒီကြားထဲမှာ  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  အပစ်ရပ်ပြီးရင် တိုင်းရင်းသားအဖွဲ့တွေကို လက်နက်တွေ ဖြုတ်သိမ်းမယ်လို့ ပြောဆိုခဲ့တာကြောင့် တိုင်းရင်းသားတွေဘက်က  ယုံကြည်မှု လျှော့ကျသွားတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD) က နိုင်ဟံသာက ဒီဗွီဘီကို  ပြောပါတယ်။ အစောပိုင်း သတင်းတွေအရ သြဂုတ်လကုန်ပိုင်းကျရင်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စေလွှတ်တဲ့  ကိုယ်စားလှယ်အဖွဲ့နဲ့  သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ အစိအစဉ် ရှိခဲ့ပေမယ့် အခုအချိန်အထိ အစီအစဉ်မဆွဲနိုင်သေးဘူးလို့ နိုင်ဟံသာက ပြောပါတယ်။t

A d v e r t i s e m e n t With Us

More News
Up