ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲမည်
ပိုင်စိုး
·
August 24, 2015
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်က အော်တိုတယ်လီဖုန်းနံပါတ်တွေကို သြဂုတ်လ ၂၅ ရက်က စပြီး ပြောင်းလဲသွားမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာလိုက်ပါတယ်။
ဖုန်းအမှတ် ၆၉၁၊ ၆၉၂ နဲ့ စတဲ့ နံပါတ်တွေကို ရှေ့မှာ ၉ ထပ်ပေါင်းထည့်ပြီး ဂဏန်း ခုနစ်လုံးပါ နံပါတ်တွေအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
လက်ရှိအိတ်ချိန်းအမျိုးအစားကနေ IP စနစ်သုံး Multi Service Access Node တွေနဲ့ ပြောင်းလဲ တပ်ဆင်သွားမှာဖြစ်တဲ့အတွက် ADSL စနစ်နဲ့ အင်တာနက်သုံးစွဲခွင့်ကိုလည်း လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားပါတယ်။