A d v e r t i s e m e n t With Us

နေမာ ကို ခေါ်ယူရန် မန်ချက်စတာယူနိုက်တက် ကြိုးပမ်း

ဓာတ်ပုံ - ရိုက်တာ
အင်္ဂလိပ်ထိပ်သီး မန်ချက်စတာယူနိုက်တက်ဟာ စပိန် ဘာစီလိုနာအသင်းက တိုက်စစ်မှူး နေမာနဲ့ ချိတ်ဆက်နေပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘရာဇီးသား နေမာကို ၀ယ်ယူဖို့ မန်ယူက တိတ်တဆိတ် ဆွေးနွေး ပြောဆိုမှုတွေ လုပ်နေတယ်လို့ ဗြိတိန် သည်ဆန်မ်းသတင်းစာက ရေးပါတယ်။ ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတသင်း ဖြစ်တာနဲ့အညီ မန်ယူဟာ အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်တဲ့ ကစားသမားနောက် လိုက်တာဟာ သူတို့ အခွင့်အရေး တခုပါလို့ ဘာစီလိုနာက သတင်းရင်းမြစ်ကို ကိုးကားပြီး ရေးပါတယ်။ ဘရာဇီးလက်ရွေးစင် နေမာကို ရက်ပိုင်းအတွင်းမှာ ဘာစီလိုနာက စာချုပ်သစ် လက်မှတ်ထိုးဖို့ ရှိနေတဲ့ အချိန်မှာ မန်ယူက လက်မှတ်ရေးထိုးဖို့ ချဉ်းကပ်လာတာလည်း ဖြစ်ပါတယ်။ မန်ယူက အလိုရှိနေတဲ့ ပက်ဒရိုကို ချဲလ်ဆီးက ခေါ်ယူသွားပြီးတဲ့နောက် နေမာကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူဟာ ဂျာမနီ ဘွန်ဒစ်လီဂါ ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်မှူး မူလာကို ခေါ်ဖို့ ချိတ်ဆက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up