လျှပ်တပြတ် စီးနင်းတိုက်ခိုက်ရေး ကွန်မန်ဒို ပထမဆုံး အမျိုးသမီး ၂ ဦး (ရုပ်သံ)
အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာ ဖိုဒ့်ဘန်နင်းက ၆၂ ရက်ကြာ လျှပ်တပြတ်စီးနင်း တိုက်ခိုက်ရေး ကွန်မန်ဒိုသင်တန်းကျောင်းကနေ ပထမဆုံး အမျိုးသမီး ၂ ဦး သင်တန်းဆင်းခဲ့ပါတယ်။
အမျိုးသမီး ၁၇ ဦး ဒီသင်တန်းကို တက်ရောက်ခဲ့ပေမယ့် အသက် ၂၆ နှစ် ဗိုလ်ကြီး ခရ္စတင်း ခရစ်နဲ့ အသက် ၂၅ နှစ် ဗိုလ် ရှေးယီဟေဗာတို့ ၂ ဦးပဲ သင်တန်းပြီးခဲ့တာ ဖြစ်ပါတယ်။
သင်တန်းသား ၄၀၀ တက်ရောက်ခဲ့ပေမယ့် ၉၆ ဦးပဲ သင်တန်းပြီးသွားတာ ဖြစ်ပါတယ်။
သင်တန်းမဆင်းမီ တရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ခရစ်က သူတို့ရဲ့ သမိုင်းဝင် အောင်မြင်မှုက တခြားအမျိုးသမီးတွေနဲ့ ရေတပ်အပါအ၀င် စစ်တပ်မှာ တံခါးပွင့်သွားစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာကလည်း သူတို့ ၂ ဦးစလုံးကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။
ဒီအမျိုးသမီး ၂ ဦးဟာ ရှေ့တန်း စစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်ဖို့ အတွက် လျှောက်ထားဖို့ မဖြစ်သေးသလို ဒီမူဝါဒ အပြောင်းအလဲကို ရှေ့မှာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။