Home
အနုပညာ
ဦးသိန်းညွန့်ပါတီသစ်တွင် အဆိုတော် ရသ ပါဝင်မည်
နေသွင်
·
June 16, 2011
အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ (NDF) ပါတီ​ခေါင်း​ဆောင်တ​ယောက်ဖြစ်တဲ့​ ဦး​သိန်း​ညွန့်​က လာမယ့်​ ဇူလိုင်လ ပထမအပတ်တွင်း​မှာ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်မှာ ပါတီတည်​ထောင်ခွင့်​လျှောက်ဖို့​ရှိတယ်လို့​ ​ပြောပါတယ်။ လော​လောဆယ်မှာ ပါတီထူ​ထောင်သူ (၁၅) ​ယောက်စာရင်း​ပြုစုထား​ပြီး​၊​ ပါတီအမည်၊​ ပါတီအလံ၊​ တံဆိပ်​တွေကို ​ကော်မရှင်မှာ စ​လျှောက်တဲ့​အခါကျမှပဲ ​ကြေညာမယ်လို့​ ​ပြောပါတယ်။ ပါတီတည်​ထောင်သူ​တွေအဖြစ် ​လျှောက်ထား​သူ​တွေထဲမှာ လူငယ်ဟစ် ​ဟော့ပ်အဆို​တော် ရသလည်း​ ပါဝင်မှာ ဖြစ်ပါတယ်။ အသက် (၂၉) နှစ်အရွယ် ဟစ်​ဟော့​အဆို​တော် ရသဟာ ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲတုန်း​က ဦး​သိန်း​ညွန့်​အတွက် သင်္ယန်း​ကျွန်း​မြို့​နယ် မဲဆန္ဒနယ်​မြေမှာ မဲဆွယ်​ပေး​ခဲ့​သူလည်း​ ဖြစ်ပါတယ်။ အဆို​တော်ရသက အသက်ရှင်​နေတဲ့​ အချိန်မှာ တိုင်း​ပြည်အတွက် တန်း​ဖိုး​ရှိတာ ဖြစ်ချင်လို့​ နိုင်ငံ​ရေး​လုပ်ဖို့​ ဆုံး​ဖြတ်တာလို့​ ပြောပါတယ်။ မြန်မာပြည် ပညာ​ရေး​မှာ ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်ချင်လို့​ ​လော​လောဆယ်မှာ ကမ္ဘာ​ပေါ်က ပညာ​ရေး​စနစ်​တွေအ​ကြောင်း​ ​လေ့​လာ​နေတယ်လို့​ ​ပြောပါတယ်။ နိုင်ငံ​ရေး​မှာ သူ အ​လေး​စား​ဆုံး ​ပုဂ္ဂိုလ်​တွေထဲမှာ အိန္ဒိယ​ခေါင်း​ဆောင်​တွေ ဖြစ်တဲ့​ မဟတ္တမဂန္ဒီ၊​ ​နေရူး​တို့​ ပါဝင်သလို၊​ မြန်မာနိုင်ငံ​ရေး​သမား​တွေထဲမှာ​တော့​ သခင်ကိုယ်​တော်မှိုင်း​၊​ ဗိုလ်ချုပ်​အောင်ဆန်း​၊​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ကို ​လေး​စား​တယ်လို့​ ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024