အင်္ဂလန်တွင် တိုက်လေယာဉ်ပျက်ကျ (ရုပ်သံ)

9.8K
အင်္ဂလန် တောင်ပိုင်းမှာ သြဂုတ် ၂၂ ရက်နေ့က တိုက်လေယာဉ်တစီး ပျက်ကျခဲ့ပြီး မပျက်ကျမီ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ကြည့်ရှုနိုင်ပါတယ်။
ဒီလေယာဉ်ပျက်ကျမှုကြောင့် လူ ၇ ဦး သေဆုံးသွားသလို လူ ၁၄ ဦးလည်း ဒဏ်ရာတွေ ရရှိခဲ့ပြီး ၁ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဟောက်ကာဟန်တာ တိုက်လေယာဉ်မှာ လူတဦးတည်း လိုက်ပါစီးနင်းတာဖြစ်သလို ရှော်ဟမ်းမှာ ကျင်းပတဲ့ လေယာဉ်ပြပွဲမှာ ပါဝင်ခဲ့ပြီး ပျက်ကျသွားရာမှာ ကားတွေကို ထိခိုက်မိလို့ အခုလို သေဆုံးဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျသွားတဲ့ ဖြစ်စဉ်နဲ့ ပျက်ကျပြီး မီးခိုးတွေထွက်လာတဲ့ပုံကို ရုပ်သံမှာ ရိုက်ကူးထားပါတယ်။
မျက်မြင်သက်သေကတော့ လေယာဉ်က တဖြည်းဖြည်းနဲ့ နိမ့်ဆင်းလာပြီးတဲ့နောက် မြေပြင်ကို ထိမှန်ပေါက်ကွဲသွားတာလို့ ပြောပါတယ်။
၁၉၅၀ နောက်ပိုင်း ဗြိတိန်က ပိုမိုကောင်းမွန်အောင် လုပ်ထားတဲ့ လေယာဉ်ဟာ လူတဦးတည်း လိုက်ပါစီးနည်းနိုင်တာလည်း ဖြစ်ပါတယ်။