ကမ္ဘာ့ချန်ပီယံ မီတာ ၁၀၀၀၀ ပြိုင်ပွဲ မိုဖာရာ ရွှေတံဆိပ်ဆွတ်ခူး

Mo Farah of Britain holds the Union Jack flag as he celebrates winning the men's 10,000 metres final at the 15th IAAF World Championships at the National Stadium in Beijing, China August 22, 2015. REUTERS/Phil Noble
တရုတ်နိုင်ငံ ဘီဂျင်းမှာ ကျင်းပနေတဲ့ ၁၅ ကြိမ်မြောက် ကမ္ဘာ့ ပြေးခုန်ပစ် ချန်ပီယံ ပြိုင်ပွဲမှာ အင်္ဂလန်နိုင်ငံက မိုဖာရာက မီတာ ၁၀၀၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိသွားပါတယ်။ ဆိုမာလီယာဖွား မိုဖာရာအတွက် ကမ္ဘာအဆင့် တာဝေးပြိုင်ပွဲမှာ ၆ ကြိမ်မြောက် ဆုတံဆိပ်ကို ရရှိသွားတာလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း မီတာ ၁၀၀၀၀ ပြိုင်ပွဲမှာ ရှုံးပွဲမရှိဆိုတဲ့ ဂုဏ်ကို ဖာရာက ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က ဘီဂျင်း အားကစားကွင်းမှာပဲ မီတာ ၅၀၀၀ ပြိုင်ပွဲကို အပူချိန်ကြောင့် မိုဖာရာက ၀င်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေးကို လက်လွတ်ခဲ့ရပါတယ်။ မော်စကိုနဲ့ လန်ဒန် အိုလံပစ်မှာလည်း မီတာ ၁ သောင်းနဲ့ ၅ ထောင် ပြိုင်ပွဲမှာ မိုဖာရာက ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ကင်ညာနိုင်ငံသား ဂျော့ဖရေး ကန်ဝေါရောနဲ့ ပေါလ်တန်ညူးတို့က ဒုတိယနဲ့ တတိယ အသီးသီး ရရှိသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up