Sunday, May 28, 2023
Homeမြန်မာသတင်းနိုင်ငံရေးဦးသိန္းညြန့္ပါတီသစ္တြင္ အဆိုတော် ရသ ပါဝင်မည်

ဦးသိန်းညွန့်ပါတီသစ်တွင် အဆိုတော် ရသ ပါဝင်မည်

အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ (NDF) ပါတီ​ခေါင်း​ဆောင်တ​ယောက်ဖြစ်တဲ့​ ဦး​သိန်း​ညွန့်​က လာမယ့်​ ဇူလိုင်လ ပထမအပတ်တွင်း​မှာ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်မှာ ပါတီတည်​ထောင်ခွင့်​လျှောက်ဖို့​ရှိတယ်လို့​ ​ပြောပါတယ်။

လော​လောဆယ်မှာ ပါတီထူ​ထောင်သူ (၁၅) ​ယောက်စာရင်း​ပြုစုထား​ပြီး​၊​ ပါတီအမည်၊​ ပါတီအလံ၊​ တံဆိပ်​တွေကို ​ကော်မရှင်မှာ စ​လျှောက်တဲ့​အခါကျမှပဲ ​ကြေညာမယ်လို့​ ​ပြောပါတယ်။

ပါတီတည်​ထောင်သူ​တွေအဖြစ် ​လျှောက်ထား​သူ​တွေထဲမှာ လူငယ်ဟစ် ​ဟော့ပ်အဆို​တော် ရသလည်း​ ပါဝင်မှာ ဖြစ်ပါတယ်။

အသက် (၂၉) နှစ်အရွယ် ဟစ်​ဟော့​အဆို​တော် ရသဟာ ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲတုန်း​က ဦး​သိန်း​ညွန့်​အတွက် သင်္ယန်း​ကျွန်း​မြို့​နယ် မဲဆန္ဒနယ်​မြေမှာ မဲဆွယ်​ပေး​ခဲ့​သူလည်း​ ဖြစ်ပါတယ်။

အဆို​တော်ရသက အသက်ရှင်​နေတဲ့​ အချိန်မှာ တိုင်း​ပြည်အတွက် တန်း​ဖိုး​ရှိတာ ဖြစ်ချင်လို့​ နိုင်ငံ​ရေး​လုပ်ဖို့​ ဆုံး​ဖြတ်တာလို့​ ပြောပါတယ်။

မြန်မာပြည် ပညာ​ရေး​မှာ ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်ချင်လို့​ ​လော​လောဆယ်မှာ ကမ္ဘာ​ပေါ်က ပညာ​ရေး​စနစ်​တွေအ​ကြောင်း​ ​လေ့​လာ​နေတယ်လို့​ ​ပြောပါတယ်။

နိုင်ငံ​ရေး​မှာ သူ အ​လေး​စား​ဆုံး ​ပုဂ္ဂိုလ်​တွေထဲမှာ အိန္ဒိယ​ခေါင်း​ဆောင်​တွေ ဖြစ်တဲ့​ မဟတ္တမဂန္ဒီ၊​ ​နေရူး​တို့​ ပါဝင်သလို၊​ မြန်မာနိုင်ငံ​ရေး​သမား​တွေထဲမှာ​တော့​ သခင်ကိုယ်​တော်မှိုင်း​၊​ ဗိုလ်ချုပ်​အောင်ဆန်း​၊​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ကို ​လေး​စား​တယ်လို့​ ​ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular