ဖက်ဆစ် တော်လှန်ရေးနေ့အတွက် တရုတ်စစ်သားများ စစ်ရေးလေ့ကျင့် (ရုပ်သံ)

တရုတ်နိုင်ငံမှာ စက်တင်ဘာ ၃ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ကျင်းပဖို့အတွက် တရုတ်စစ်သားတွေဟာ ပြင်းပြင်းထန်ထန် စစ်ရေး လေ့ကျင့်နေကြပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ဘေဂျင်းမြို့မှာ ကျင်းပတဲ့အခါ နိုင်ငံခြား ခေါင်းဆောင်တွေကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ တရုတ်စစ်တပ်က  ကြည်းရေလေ စစ်သား ၁၀၂ ယောက်ဟာ မေလတုန်းက ရုရှားနိုင်ငံ မော်စကိုမှာ ကျင်းတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး သူတို့အဖွဲ့က လေ့ကျင့်ကွင်းမှာ အထင်းသား ဖြစ်နေပါတယ်။ လေ့ကျင့်ကွင်းမှာ ၃ ဒသမ ၂ ကီလိုကျော်လေးတဲ့ ရိုင်ဖယ်တွေကို သုံးပြီး သင်တန်းတက်ရတာ ခက်ခဲတယ်လို့ တပ်သား ချန်းချန်းက ပြောပြပါတယ်။ စစ်တပ် ခေါင်းဆောင်တွေက စစ်ရေးပြအခမ်းအနားကျရင် ဂျပန်တော်လှန်ရေးကာလက ကြည်းတပ် စစ်ဆင်ရေး နမူနာပုံစံကို တင်ဆက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ၁၉၄၃ ခုနှစ်က တရုတ်စစ်သည် ၈၂ ယောက်ဟာ အင်အားအရ  အဆ ၂၀ ကြီးမားတဲ့ ရန်သူတပ်တွေကို ရင်ဆိုင်တိုက်ခိုက်ရင်း အသက်ပေးခဲ့တဲ့  သမိုင်းကြောင်း ရှိပါတယ်။ အစဉ်အလာကောင်းကို ပြန်လည်ဖော်ထုတ်ပြီး ဒီလို စိတ်ဓာတ်မျိုး ရှင်သန်နေဖို့ လိုတယ်လို့ တပ်သား ချန်ဟိုင်းက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up