A d v e r t i s e m e n t With Us

အန်စီအေ ကို လက်နက်ကိုင်အားလုံး တပြိုင်တည်းလက်မှတ်ထိုးရေးမူ ကိုင်စွဲမည်ဟု ကေအိုင်အိုကြေညာ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (အန်စီအေ) ကို တပြိုင်တည်း လက်မှတ် ရေးထိုးရေးမူကို ဆက်လက် စွဲကိုင်ထားမယ်လို့  ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က  ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကေအန်ယူ အပါအ၀င် တချို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သဘောထားနဲ့ မတူတဲ့ ရပ်တည်ချက်ကို ကေအိုင်အိုက ထုတ်ပြန်လိုက်ဖြစ်ပါတယ်။ “ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး ဖြစ်စေရေးအတွက် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းအားလုံး တပြိုင်တည်း အန်စီအေတွင် လက်မှတ်ရေးထိုးသွားရေးမူကို ဆက်လက် စွဲကိုင်ထားမည် ဖြစ်ပါသည်” လို့ ကေအိုင်အိုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကေအိုင်အိုရဲ့ ဒီရပ်တည်ချက်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ နောက်ဆုံးရက်အဖြစ် ကျင်းပနေတဲ့  သုံးရက်ကြာ တိုင်းရင်းသား ထိပ်သီး အစည်းအဝေးမှာ တင်ပြခဲ့ပြီး  သြဂုတ်လကုန်ပိုင်းကျရင်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စေလွှတ်တဲ့  ကိုယ်စားလှယ်အဖွဲ့နဲ့  သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up