ဘရာဇီးလ် ယူ ၂၀ တိုက်စစ်မှူး ချဲလ်ဆီးခေါ်

1.6K
အင်္ဂလန်ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းဟာ ဘရာဇီးလ် ယူ ၂၀ လက်ရွေးစင် ရှေ့တန်းတိုက်စစ်မှူး ကန်နီဒီကို ဘရာဇီးလ်ကလပ် ဖလူမီနီကနေ ခေါ်ယူလိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူတဲ့ ပြောင်းရွှေ့ကြေးကို ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိပါဘူး။
ချဲလ်ဆီးအသင်းရဲ့ ရာသီအကြို မြောက်အမေရိကခရီးစဉ်မှာ ဒီတိုက်စစ်မှူးက လိုက်ပါခဲ့ပြီး အခုမှ အပြီးသတ် ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
ရာသီအကြိုကာလမှာ ချဲလ်ဆီးအသင်းနဲ့ ကစားတဲ့အချိန်တွေက ပျော်ရွှင်စရာ ကောင်းသလို ဖလူမီနီအသင်းက အခုလို အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
ကန်နီဒီဟာ ချဲလ်ဆီးမှာ ဘရာဇီးလ် ကစားသမားတွေ ဖြစ်တဲ့ ရွန်းမဲ၊ အော်စကာ၊ ၀ီလီယံတို့နဲ့ အတူ လက်တွဲရမှာဖြစ်ပါတယ်။