A d v e r t i s e m e n t With Us

ကမ္ဘာ့ ပြေးခုန်ပစ်ပြိုင်ပွဲတွင် အသက်အငယ်ဆုံး မာရသွန်ချန်ပီယံ ထွက်ပေါ်

ဓာတ်ပုံ - အေအက်ဖ်ပီ
သြဂုတ် ၂၂ ကနေ ၃၀ ရက်အထိ တရုတ်နိုင်ငံ ဘီဂျင်းမှာ ကျင်းပနေတဲ့ ၁၅ ကြိမ်မြောက် ပြေးခုန်ပစ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရတဲ့ အသက်အငယ်ဆုံး မာရသွန်သမားတဦး ပေါ်ထွက်လာပါတယ်။ အာဖရိကတိုက်က အီထရီယံနိုင်ငံသား အသက် ၁၉ နှစ်အရွယ် ဂီမာ ဂီဘရက်လာစီဟာ ၂ နာရီ ၁၂ မိနစ် ၂၇ စက္ကန်နဲ့ မီတာ ၁ သောင်း မာရသွန်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးနိုင်တဲ့ အသက်အငယ်ဆုံး အပြေးသမား ဖြစ်လာပါတယ်။ [caption id="attachment_108829" align="alignright" width="486"]ဓာတ်ပုံ - အေအက်ဖ်ပီ ဓာတ်ပုံ - အေအက်ဖ်ပီ[/caption] “အခုဘယ်လိုခံစားနေရသလဲ ဆိုတာကို မရှင်းပြတတ်သလို အခု အရမ်းပျော်နေပါတယ်၊ ဒီအနိုင်အတွက် ကျနော် အရမ်း ဂုဏ်ယူပါတယ်။ အီထရီယံ သမိုင်းအတွက် ပထမဆုံးရတဲ့ ရွှေတံဆိပ်ဆုပါ၊ မိဘတွေက ကျောင်း သားကောင်းတယောက် ဖြစ် ချင်ပေမယ့် ကျနော်က ပြေးခုန်ပစ်သမား တဦး ဖြစ်ချင်တယ်၊ ဒီနေ့ အောင်မြင်မှုက သူတို့ကို အံသြစေမှာပါ” လို့ ဂီမာက ပြောပါတယ်။ သူနဲ့အတူ အီသီယိုးပီးယား အပြေးသမားက ဒုတိယ၊ ယူဂန်ဂါ အပြေးသမားက တတိယ ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က လန်ဒန်အိုလံပစ် ရွှေတံဆိပ်ဆုရှင်ကတော့ နံပါတ် ၆ နေရာနဲ့ ပန်းဝင်ခဲ့ပါတယ်။ [caption id="attachment_108828" align="alignright" width="486"]ဓာတ်ပုံ - အေအက်ဖ်ပီ ဓာတ်ပုံ - အေအက်ဖ်ပီ[/caption] ဒီပြိုင်ပွဲမှာ ကမာ့္ဘစံချိန်တင်ထားတဲ့ ဒန်းနစ်ကီမက်တိုနဲ့ အရင်ကမာ့္ဘစံချိန် ချိုးထားတဲ့ ၀ီလ်ဆန်ကစ်ဆန်တို့ကတော့ ပန်းဝင်နိုင်ခြင်းမရှိသလို ပဲရစ်မာရသွန် ချန်ပီယံ မတ်ခ်ကိုရစ်ကလည်း နံပါတ် ၂၂ နဲ့ ပန်းဝင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up