A d v e r t i s e m e n t With Us

လူထုကို ဗုံးလန့်အောင်လုပ်သည့် ထိုင်းကျောင်းသား ဖမ်းဆီးခံရ

ဓာတ်ပုံ - dailynews.co.th
ထိုင်းနိုင်ငံ အယုဒ္ဓယမှာ သူငယ်ချင်းရဲ့ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ကနေ ဗုံးလန့်စေတဲ့ နောက်ပြောင်မှုတခုကို လုပ်ဆောင်ခဲ့တဲ့  အသက် ၁၇ နှစ် ကောလိပ်ကျောင်းသားကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ လူထုကို ထိတ်လန်စေတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်ပြီး ဖမ်းဆီးခံရသူရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသလို မေးမြန်းဖို့ ဆယ်ကျော်သက်ကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့ ထိုင်းဘန်ကောက်ပိုစ့်သတင်းမှာ ရေးပါတယ်။ သြဂုတ် ၂၁ ရက်မှာ သူငယ်ချင်းရဲ့ စမတ်ဖုန်းကို ယူပြီး ဗုံးတွေဟာ အယုဒ္ဓယခရိုင်ထဲမှာ တော်တော်များများ ရှိနေတယ်လို့ တင်ခဲ့ကြောင်း သူက ရဲတပ်ဖွဲ့ကို ပြောပါတယ်။ တခြား အွန်လိုင်းဖိုရမ်တော်တော်များများမှာ တင်ခဲ့သလို ဒီလိုလုပ်တာကို သူငယ်ချင်းက သတိမထားမိဘူးလို့ ဆိုပါတယ်။ "နောက်ပစ်မှတ်ကတော့ အယုဒ္ဓယပါ။ လိုတပ်စ်အောက်မှာ တလုံး၊ ရုပ်ရှင်ရုံရှေ့မှာ ၂ လုံး၊ ဈေးမှာ ၂ လုံးနဲ့ မူကြိုကျောင်းမှာ ၂ လုံး ထောင်ထားတယ်” လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ဒီလို နောက်ပြောင်မှုဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားပြီး လူထုတွေကြောက်ရွံ့ခဲ့သလို ရဲတွေက သွားရှာပေမယ့် သံသယရှိစရာ ကောင်းတဲ့ ပစ္စည်းတွေကို မတွေ့ရဘူးလို့ ဆိုပါတယ်။ [caption id="attachment_108816" align="aligncenter" width="705"]ဓာတ်ပုံ - dailynews.co.th ဓာတ်ပုံ - dailynews.co.th[/caption] ရဲတပ်ဖွဲ့ကတော့ ကွန်ပျူတာ ရာဇ၀တ်မှုနဲ့ အများပြည်သူထိတ်လန့်အောင် သတင်းမှားတွေ ဖြန့်ဖြူးမှုနဲ့ တရားစွဲမယ်လို့ ပြောပါတယ်။ အဖမ်းခံရတဲ့ လူငယ်က သူတင်လိုက်တာဟာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိမယ်လို့ မထင်သလို လူထုနဲ့ ရဲတပ်ဖွဲ့ကို စိုးရိမ် ပူပန်စေတဲ့အတွက် ပြန်လည် တောင်းပြန်ခဲ့ပါတယ်။ ဧရာဝဏ် နတ်ကွန်း ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်တဲ့ သတင်းအမှားအယွင်းတွေကို လူမှုရေးကွန်ရက်ပေါ်မှာ တင်တဲ့သူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up