မသန်စွမ်း များအတွက် ဈေးအချိုဆုံး ၀ှီးချဲဆိုင်ကယ် (ရုပ်သံ)

2.4K
ဈေးကွက်ထဲမှာ ဒါက မော်တာအားနဲ့ မောင်းနှင်တဲ့ ပထမဆုံး ၀ှီးချဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဈေးအချိုဆုံး ၀ှီးချဲ ဖြစ်ပါတယ်။ မက္ကင်းနစ် ကာတာဘမ်ဘန်းဟာ အလုပ်ခွင် မတော်တဆ ထိခိုက်မှုမှာ သူ့ခြေ ၂ ဘက် ဆုံးရှုံးပြီးတဲ့နောက် ၀ှီးချဲကို ကိုယ်တိုင်ဖန်တီးခဲ့ပါတယ်။ ခုတော့ သူက စီးပွားဖြစ် ထုတ်လုပ်တော့မှာပါ။ ၀ှီးချဲတစင်းရဲ့ အခြေခံအကျဆုံး ပြုပြင်ပြောင်းလဲမှုတွေအတွက် ဒေါ်လာ ၃၀၀ လောက်သာ ကျသင့်ပါတယ်။
"ခုဆိုရင် အနံအလျား အမျိုးမျိုးနဲ့ ၀ှီးချဲဆိုင်ကယ် အတော်များများ ထုတ်ပြီးပါပြီ။ စောင်းတာ၊ မှောက်တာတွေ မဖြစ်ရအောင် သေချာတိုင်းတာပြီးမှ ထုတ်လုပ်တာပါ။"
ဘမ်ဘန်းရဲ့ ဇနီးသည်ဟာလည်း လမ်းပေါ် မတော်တဆထိခိုက်မှုကြောင့် ခြေ ၂ ဘက် ဆုံးရှုံးထားသူပါ။ ကိုယ်တိုင် ၀ှီးချဲစီးနေရတဲ့ သူက သူ့ခင်ပွန်းဟာ မသန်စွမ်းသူများစွာအတွက် ဂျကာတာလို ယာဉ်ကြောပိတ်ဆို့တဲ့ မြို့တော်တခွင် သွားလာနိုင်အောင် ကူညီပေးနေပြီလို့ ဆိုပါတယ်။
"အမြတ်အစွန်းကိုချည်း ရှေးရှုမထားပါဘူး။ ပရဟိတ သဘောလည်း ပါပါတယ်။ ကျမတို့ ကိုယ်တိုင်လည်း ဒီဒုက္ခတွေကို ခံစားနေရတာမို့ပါ။"
ဘမ်ဘန်းကတော့ သူတတ်နိုင်သလောက် အမြန်ထုတ်လုပ်နေတာမို့ ၁ လကို မသန်စွမ်းသူ ၇ ယောက်စာအတွက် ၀ှီးချဲတွေ ဖြည့်ဆည်းပေးနိုင်တယ်လို့ ဆိုပါတယ်။