A d v e r t i s e m e n t With Us

ဦးဇော်ဇော် ကို အာဆီယံဘောလုံအဖွဲ့ချုပ် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို အာဆီယံဘောလုံးအဖွဲ့ချုပ် (အေအက်ဖ်အက်ဖ်) ရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်လိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဒီနေ့စတင်ကျင်းပနေတဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်အစည်းအဝေးကနေ မဲပေးဆုံးဖြတ်ပြီး အခုလို ရွေးချယ်လိုက်တာပါ။ အာဆီယံဘောလုံးအဖွဲ့ချူပ်ကို ၁၉၈၄ ခုနှစ်မှာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့က  စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့ အဖွဲ့ဝင်ဖြစ်လာပါတယ်။ ၂၀၀၄ ခုနှစ်မှာ အရှေ့တီမောနိုင်ငံနဲ့ ၂၀၁၃ ခုနှစ်မှာ သြစတြေးလျနိုင်ငံတို့ ပါဝင်လာပြီး အခုဆို အဖွဲ့ ဝင် ၁၂ နိုင်ငံရှိနေပြီဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up