ချစ်သူ နှင့် ဆော့ဝဲလ် နာမည်ကို မှားယွင်း တက်တူးထိုး

1.6K
လှပတဲ့ တရုတ်စာလုံးလေးတွေနဲ့ တက်တူးထိုးတာကို လူတွေက ကြိုက်နှစ်သက်ကြပါတယ်။
ဒါပေမယ့်လည်း သင့်တင့်လျှောက်ပတ်တဲ့ ဘာသာပြန်တဦးမရှိဘူးဆိုရင်တာ့ တရုတ်လို ထိုးထားတဲ့ တက်တူးတွေဟာ ကိုယ်လိုချင်တဲ့ အဓိပ္ပာယ်မျိုးမဟုတ်ဘဲ တခြား အဓိပ္ပာယ်တခု သက်ရောက်သွားပါတယ်။
ဘာသာပြန်အမှားအယွင်းကြောင့် ကွန်ပျူတာ ၀င်းဒိုး ဆဲဗင်းကို ချစ်သူနာမည်နဲ့ အမျိုးသား တဦးက မှားထိုးမိတယ်လို့ တက်တူးသမားတဦးက ပြောပါတယ်။
ထိုင်းက ချစ်သူရဲ့အမည်ကို တရုတ်ဘာသာနဲ့ အမျိုးသားတဦးက လည်ပင်းမှာ တက်တူးသမားဆီမှာ ထိုးခဲ့ပါတယ်။
ဒီနောက်မှာတော့ တရုတ် ဘာသာ ကျွမ်းကျင်တဲ့ လူတဦးဆီ သွားပြရမှာတော့ ချစ်သူနာမည် မဟုတ်ဘဲ ၀င်းဒိုး ဆဲဗင်းလို့ အဓိပ္ပာယ်ရနေတယ်လို့ ဆိုပါတယ်။
တက်တူးသမားက သူချစ်သူရဲ့ နာမည်ကို ဘယ်လို ပေါင်းရမယ်ဆိုတာကို မသိတဲ့ အတွက်
ဂူဂဲလ် ဘာသာပြန် ဒါမှမဟုတ် တခြားတခုခုရဲ့ အကူအညီနဲ့ ဒီလို ပေါင်းလိုက်ပြီး ထိုးပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။